Professional Authors

ပုစဉ်းရင်ဖုံး (night^ )

နူးညွှတ်ဝင့်ဝါသော နှုတ်ခမ်းများက
မီးမှုတ် နဂါးတွေအဖြစ်သာ ပြောင်းမသွားရင်
ခဏလောက်တော့ …
ခိုနားတိုးဝင် ကြည့်ချင်ပါရဲ့

အကျဉ်းကျခဲ့သော နာရီအို…
ဓားလွတ်အတိုတွေ ထမ်းလို့
ငါ့ကို စောင့်ကြပ်လေသော
ကဝေပျိုတို့ရေ …

ငါ့ ထုံးတမ်းစဉ်လာမှာ …
ချိုမြိန်လွန်းသော ချစ်ခြင်းမေတ္တာဟာလည်း
ခါးသက်သက် အရာပါပဲ

ကောင်းကင်မျက်ရည်တို့ တသဲသဲ
ငါဟာ အင်္ကျီ ရင်ကွဲနဲ့ …
လဲ ခဲ့ပေါင်းလည်း များလှပြီလေ

အခုတော့ …
မဟာတံတိုင်းတို့ အထပ်ထပ်
ဒီရင်ခွင်ရဲ့ ဘေးပတ်ပတ်လည်
ကဲ …
အဘယ် ချစ်သူရဲ့ သောကြာခါးပတ်က …
ငါ့ကို သတ်အလှည့်လဲ

night^

In: ကဗျာ Posted By: Date: May 25, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment