Professional Authors

ဘဝ

ရှင်သန်နေထိုင်မှုနည်းမျိုးစုံနဲ့
ငါတို့နေထိုင်နေကြတဲ့
ဘဝဆိုတာကြီးထဲမှာ.
မမောတန်းအိပ်မက်တွေထမ်းပိုးထားကြ
အနာဂတ်လို့ကင်ပွန်းတပ်ထားတဲ့
ဖြစ်မလာခြင်းတွေအတွက်
ဆုတွေတောင်းကြ
ဒူးတွေထောက်ကြ
နင်ဘယ်သူလဲလို့မေးရင်
ငါဘယ်သူလဲဆိုတာကိုယ်တိုင်မသိကြ
ယောင်ချာယောင်ချာနဲ့ပဲ
အဆုံးမဲ့ပင်လယ်ပြင်ကိုရွက်ကုန်ဖွင့်ကြ
ငြင်းပယ်ရင်းပွေ့ပိုက်ထားခဲ့တဲ့
ပါးစပ်စိုစေရုံအလုပ်အကိုင်တချို့နဲ့
ယာယီဘဝတခုကိုစက်စုပ်ရွံရှာ
ညည်းညည်းငြူငြူနဲ့ပဲ
တနေဝင်တနေထွက်ခဲ့ကြ
ဒီလိုနဲ့လိမ်ပြီးကိုယ့်ဘဝကိုယ်ကို
မကျေနပ်ပဲ ကျေနပ်ခဲ့ပြ။

အမရာ

In: ကဗျာ Posted By: Date: May 25, 2010
Comment #1

ရှင်သန်နေထိုင်မှုနည်းမျိုးစုံနဲ့
ငါတို့နေထိုင်နေကြတဲ့
ဘဝဆိုတာကြီးထဲမှာ.
မမောတန်းအိပ်မက်တွေထမ်းပိုးထားကြ
အနာဂတ်လို့ကင်ပွန်းတပ်ထားတဲ့
ဖြစ်မလာခြင်းတွေအတွက်
ဆုတွေတောင်းကြ
ဒူးတွေထောက်ကြ

commentinfo By: chityellusoelay at Aug 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment