Professional Authors

ဘိဘိသန၏ ဘိဘိသန – ဒီရေလှိုင်း

အကိုတော် ရာဝဏမှားယွင်းမိုက်မဲစွာ ရေးထိုးလိုက်တဲ့

ကျိန်စာမိကျောက်စာတစ်ချပ်ကို ပြင်ဆင်ချင်သူပါ ။

အနီရိုင်းရိုင်း ဒေါသလှိုင်းများကြောင့်

ဒီကမ္ဘာကို အကျည်းတန်စေတဲ့

သွေးပန်းချီကားတစ်ချပ်ကို

ကျွန်ုပ်နှလုံးသွေးနဲ့ သန့်စင်စေလိုသူပါ ။

ပိုင်ဆိုင်မှုမှ အချစ်စစ်ဆိုတဲံ့

မလှပတဲ့ ကမ္ဘာကျော်ပြဇာတ်တစ်ပုဒ်ကို

လားရာပြောင်းနိုင်မယ်ဆိုရင်

ကျွန်ုပ်ဇီဝအသက်ဓာတ်ကို

ထုတ်လိုကထုတ်ပါတော့ ။

မုသားတွေ မာယာတွေညစ်ပေကျံနေတဲ့

ဒီမြေလောက ရှင်းသန့်ဖို့ဆို

ကျွန်ုနှလုံးသားကို

လှည်းကျင်းစရာကိရိယာအဖြစ်သတ်မှတ်ပါလော့ ။

အမိုက်တွေကြောင့်ဖြစ်တဲ့စစ်ရဲ့

ကျည်ဆံ အမြောက်ဗုံးတွေ လောကကိုမခရအောင်

ကျွန်ုပ်ရဲ့ ရင်တစ်ခုလုံးကို ဒိုင်းတစ်ခုလို

အသုံးပြုကြပါတော့ ။
နှလုံးသွေးနဲ့ ငြိမ်းချမ်းရေးအတွက် ဘ၀အသစ်ပြန်စ
ကျွန်ုပ်သည် ဘိဘိသန။  ။
                                        ဒီရေလှိုင်း

In: ကဗျာ,Others Posted By: Date: May 15, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment