Professional Authors

ဆန့်ကျင်ဘက်

တချို့ ကပြောတယ်
” အမြင့်ဆုံး သရဖူကို ဆောင်းနိုင်သူရဲ့  ဘ၀သာလျှင် တကယ့် ဘ၀ ” တဲ့ ။
တချို့ က ပြောပြန်တယ်
နေစရာ မြေတကွက်နဲ့  စားစရာနည်းနည်းပါးပါးရှိရင် ဘာမှာ နေပျော်ပါပြီ  တဲ့  ။

တချို့ ကပြောတယ်
အချစ်မပါ ကမ္ဘာမဖြစ် ၊ အချစ်မရှိကမ္ဘာမရှိ  တဲ့  ။
တချို့ က ပြောပြန်တယ်
အချစ်က ဘာမှ အရေးမကြီးဘူး  တဲ့ ။

တချို့ က ပြောတယ်
အသက်ထက် မြတ်သော အရာ မရှိ  တဲ့ ။
တချို့ က ပြောပြန်တယ်
မွေးတစ်နေ့  သေတစ်နေ့ ပါ  တဲ့  ။

တချို့ က ပြောတယ်
ဘ၀ရဲ့  သုံးပုံတစ်ပုံကို
အိပ်စက်ခြင်းနဲ့ အချိန် မဖြုန်းလိုက်ပါနဲ့   တဲ ။့
တချို့ က ပြောပြန်တယ်
အိပ်ရေးဝမှ ကျန်းမာ ဥာဏ်ရွှင်တယ်  တဲ့ ။

တချို့ က ပြောတယ်
ယုံကြည်မှုနဲ့  ကမ္ဘာကြီးကို တည်ဆောက်ကြမယ်  တဲ့  ။
တချို့ က ပြောပြန်တယ်
ကိုယ်ကလွဲရင် ဒူးတောင် မယုံရ  တဲ့ ။

တချို့ က ပြောတယ်
လောကကြီးကို ဆန့် ကျင်ဘက်တွေနဲ့  ဖွဲ့ စည်းထားတာ  တဲ့  ။
ယင်း အဆိုကို
တချို့ က ဆန့် ကျင်ကြပြန်တယ် ။
                                   မောင်ကျွန်းလူ

In: ကဗျာ,Others Posted By: Date: Jul 14, 2010
Comment #1

ကဲ ဘယ်လို လုပ်ကြမလဲ သယ်ရင်းတို့ ရေ

commentinfo By: Amara Mg at Jul 14, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment