Professional Authors

ပုဒ်မချ

ပုဒ်မချ

အန်လို့မရတော့ တံတွေးပဲ ခဏ ခဏ ထွေးမိတယ်
ခေါင်းက နည်းနည်း ထိ/နာ/ကြောင်/ပျက်သွားတယ်
စကားလုံးတွေက စကားလုံးတွေမဖြစ် မဖြစ်နိုင်တော့
မျက်ရည်တွေအဖြစ် စာရွက်တွေပေါ်ကျလာတယ်
မြိုသိပ်ထားလို့ မခံနိုင်ရင် ယဉ်ယဉ်လေးနဲ့ ငါရူးမယ်တဲ့
ကောင်းကောင်းမွန်မွန်ဖြစ်တယ် ပြီးတော့ အကုန် ကုန်သွားပြန်တယ်
သူ့အပေါ်မူတည်နေတဲ့ ငါ့ကိုယ်ငါ့ အမြင်ကတ်မိတယ်
စိတ်ကိုဘယ်ကိုပဲ ပို့ထားပို့ထား သူ့ဆီပဲရောက်ချင်နေတယ်
နေကောင်းရဲ့လား… လမ်းဟောင်းပြန်လျှောက်နေတာလား…
ငါ့ကိုမုန်းလို့ပဲလား… ဒီအတိုင်းပဲမေ့သွားတာလား…
ငါလေ… အရာရာကို ပြန်အသက်သွင်းဖို့ ပြင်ဆင်ထားခဲ့တာ…
အခုတော့လေ…အရာရာဟာ…………………………….။

မြေနံ့

In: ကဗျာ Posted By: Date: Nov 7, 2012
Comment #1

စိတ်ကိုဘယ်ကိုပဲ ပို့ထားပို့ထား သူ့ဆီပဲရောက်ချင်နေတယ်
နေကောင်းရဲ့လား… လမ်းဟောင်းပြန်လျှောက်နေတာလား…
ငါ့ကိုမုန်းလို့ပဲလား… ဒီအတိုင်းပဲမေ့သွားတာလား…

commentinfo By: May Kha at Nov 7, 2012
Comment #2

sylVia (y)

commentinfo By: မိငြိဏ်းခက် at Mar 13, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment