Professional Authors

မန့်အချုပ်

မန့်အချုပ်

အသံတစ်သံ
လှုပ်ရှားမှု့ပြုလုပ်တိုင်း
ငါ့ကိုယ်ထဲကနေငါပြန်ကြားနေရတယ်
ငါ့ကိုနာကျင်စေခြင်းအလိုငှာ
ငါ့ကိုယ်ငါပြန်မီးရှို့နေတာပဲ…

ေ၀၀ါးနေမှု့တွေ
ဘယ်အရာကိုကြည့်ကြည့်
မမြင်တော့သလိုပဲ
ငါ့ကိုမှောင်မိုက်စေခြင်းအလိုငှာ
ငါ့ကိုယ်ငါပြန်ချောက်ကျနေတာပဲ…

ဒီအတိုင်းပဲ
အချိန်တွေသာပြောင်းလဲတယ်
ငါကဒီအတိုင်းပဲ
ငါ့ကိုစကားလုံးမဲ့စေခြင်းအလိုငှာ
ငါ့ကိုယ်ငါပြန်သော့ခတ်နေတာပဲ…။…။

မြေနံ့
၆.၃.၂၀၁၁
[email protected]
www.sofarawayfromyou88.blogspot.com

In: ကဗျာ Posted By: Date: Feb 1, 2012
Comment #1

ဒီအတိုင်းပဲ
အချိန်တွေသာပြောင်းလဲတယ်
ငါကဒီအတိုင်းပဲ
ငါ့ကိုစကားလုံးမဲ့စေခြင်းအလိုငှာ
ငါ့ကိုယ်ငါပြန်သော့ခတ်နေတာပဲ…။…။

commentinfo By: May Kha at Feb 6, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment