Professional Authors

လိုချင်ပေမဲ့.. ဘယ်တော့ မှ ပြန်မရတော့ပါဖူး အမေ..(အမေ့အတွက်)

(၁)

ရက် တစ်ရက်ပေါ့…
သင်းပျံ့ပျံ့ ဆောင်းရနံ့တွေကို ခံစားရချိန်…
မှုန်ပြပြ မနက်ခင်းနဲ့ ဖွင့်လှစ်ခဲ့တဲ့
အောက်တိုဘာလရဲ့ သောကြာနေ့တစ်နေ့…

သူများတွေအတွက်တော့ မထူးဆန်းပါဖူး…
ဒါပေမဲ့ ကျွန်တော့ အတွက်တော့…
တစ်နှစ်သာ တစ်ခါသာ ရနိုင်တဲ့…
အရမ်း တပ်မက်ခဲ့ရတဲ့…
လူ့ဘ၀ကိုစရောက်ခဲ့တဲ့နေ့…

တစ်နေ့တစ်နေ့…
ကံကြမ္မာက ပေးတဲ့ တာဝန်တွေ…
မညီးမညူ ပုခုံးပေါ်ထမ်းရင်း…
ဖြတ်သန်းနေရတဲ့..
ကျွန်တော့အတွက်တော့…
အောက်တိုဘာလ ရဲ့ နေ့လေးတစ်နေ့က..
အဖိုးမဖြတ်နိုင်ပါဖူး…

စဉ်းစားထားတာပေါ့..
အလုပ်က အပြန်..
အိမ်မှာ စောင့်နေတဲ့…
ချစ်ဇနီးနဲ့ သားသမီးတွေရဲ့..
ပျော်ရွှင်ဖွယ်ကောင်းတဲ့..
စကားသံလေးတွေ…
ပျော်ရွှင်ဖွယ်ကောင်းတဲ့..
အပြုံးလေးတွေ..
အတွေးနဲ့တင်… ပျော်ရွှင်နေမိတယ်လေ…

အဲ့နေ့ပေါ့…
အောက်တိုဘာလရဲ့ သောကြာနေ့တစ်နေ့…
ကျွန်တော့ ဘ၀အတွက်…
အမှတ်တရဖြစ်စေခဲ့တဲ့…
သောကြာနေ့….

(၂)

အလုပ်ဆင်းချိန် အိမ်အပြန်..
ဒီလောက်တက်ကြွတဲ့…
ခြေလှမ်းတွေကို…..
ကျွန်တော် ကိုယ်တိုင်တောင် မမြင်ခဲ့ဖူးပါဖူး…
အိမ်ရောက်ရင် ခံစားရမဲ့…
အနှိုင်းမဲ့ ပျော်ရွှင်မှုတွေဟာ…
နောက်လှမ်းနေမဲ့ ခြေလှမ်းတွေအတွက်…
အဖိုးမဖြတ်နိုင်တဲ့ ခွန်အားသစ်တွေလေ….

အိမ်တံခါးကိုအသာဖွင့်…
Happy Birthday လို့အော်သံနဲ့အတူ..
ပြေးပြီး ဖက် တဲ့ သမီးလေးနဲ့…
ပြုံးပြီးလှမ်းရယ် ပြတဲ့ ဇနီးလေးဟာ…
ကျွန်တော့အတွက်တော့…
နတ်ပြည်နဲ့တောင် မလဲနိုင်တဲ့.
ပျော်ရွှင်မှုတွေပါ….

တွတ်တီးတွတ်တာနဲ့….
ရယ်စရာတွေပြောတက်တဲ့ သမီးလေးနဲ့….
Birthday ကိတ်မုန့်ကို ခွဲ ပြီး…
ပန်းကန်ထဲ ထည့်ပေးနေတဲ့ ဇနီးကြားမှာ…
ကျွန်တော့အတွက်…
ကျွန်တော့်ဘ၀အတွက်…
ဘယ်သူက ပိုအရေးပါတယ်ဆိုတာ..
ဝေခွဲလို့မရခဲ့ပါဖူး….

အဲ့အချိန်မှာပေါ့….
မှတ်မှတ်ရရ.. ည ၁၀ နာရီ တိတိပဲ…

(၃)
ကလင်…. ကလင်….
အမြဲတမ်း မြည်နေကြမဟုတ်ပေမဲ့….
မြည်ရင် လဲ အရေးကြီးတက်တဲ့ ဖုန်းသံကြောင့်…
ပျော်ရွှင်နေတဲ့ ကျွန်တော့ စိတ်….
တစိတ်တဒေသလောက် ပျောက်ဆုံးသွားသလိုပဲ..
“အလုပ်မှာ ငါဘာတွေများ အမှားလုပ်မိပါလိမ့်”

ပူပင်တဲ့အတွေးနဲ့အတူ…
ဖုန်းဆီကို လှမ်းသွားတဲ့ ငါ့ခြေလှမ်း..
စိုးရိမ်မှုတွေ နဲ့ လေးလံနေခဲ့တယ်…
“ငါတော့ အပြောခံရတော့မယ် ထင်တယ်”

ဖုန်းခွက်ကို ကောက်ကိုင်ပြီး…
တစ်ဖက်လူရဲ့ အသံကို ကြားတော့မှ..
ပူလောင်တဲ့ သက်ပြင်း တစ်စုံကို..
ငါ့ ရင်ထဲက ခပ်ပြင်းပြင်းလေး ဖွင့်ထုတ်လိုက်တယ်…
“အင်း ပြော… မမ ကြီး..”

သူပြောတဲ့ စကားတွေကို…
ကြားတစ်ချက်မကြားတစ်ချက်ပါပဲ…
ကျွန်တော့ နောက်ကျောမှာ ရပ်စောင့်နေတဲ့…
ဇနီးနဲ့ သမီး ဆီကို ပဲ..
ကျွန်တော့ ရဲ့ စိတ်က ရောက်နေတယ်…
အမ ပြောတာ တစ်ခွန်းတော့ ကျွန်တော် ကြားလိုက်တယ်…
“အမေ နေ မကောင်းလို့ အမြန်ခဏလာခဲ့ပါဦး”

“ခက်နေပါပြီ…
အမေ နေမကောင်းတာပဲ ထူးဆန်းတာလား….
အသက်ကြီးနေပြီပဲ..
နေမကောင်းတာ ဆန်းလို့လား…
ပျော်ရွှင်စရာကောင်းတဲ့ ဒီလို မွေးနေ့မှာတောင်..
အလုပ်ရှုပ်ဖို့ကောင်းတဲ့ အိမ်သားတွေပဲ” လို့..
သူတို့ အပေါ် အမြင်စောင်းလိုက်တယ်….
ဒါပေမဲ့ အပေါ်ရုံ အကျီကိုတော့ ခပ်မြန်မြန် ကောက်ဝတ်လိုက်ခဲ့တယ်….

(၄)

ခပ်လှမ်းလှမ်း လမ်း မ ပေါ်ကို…
အေးဆေး တဲ့ ခြေလှမ်းတွေနဲ့….
တစ်လှမ်းခြင်းပဲ လှမ်းနေ ခဲ့မိတယ်…
“အမေ တော့ ဘားမှမဖြစ်ပါဖူးလေ”

အမေ့အိမ်ကိုရောက်တော့ ၁၂ နာရီထိုးတော့မယ်…
အိမ်တံခါးမဖွင့်ခင်…
အမလက်က တံခါးဖွင့်ပြီး ထွက်လာတယ်..
သူ့ဘေးမှာလဲ လူတစ်ယောက်…
သေတ္တာသေးလေး တစ်လုံးကိုင်ပြီး..
ခေါင်းငုံပြီးထွက်သွားတယ်လေ..
“သူက ဘယ်သူလဲ….”

အိမ်ထဲကို ၀င်လာတဲ့ ကျွန်တော်..
မြင်လိုက်ရတဲ့ အမလက်ရဲ့ မျက်နှာ..
ပူလောင်နေလိုက်တာများ…
အိမ်မှာကျန်ခဲ့တဲ့ သမီးနဲ့ ဇနီး မျက်နှာနဲ့ တစ်ခြားစီပဲ…

“အမေ…ဘယ်အခန်းမှာလဲ”
လက်ညိုးထိုး ရင်း ဖြေလိုက်တဲ့…
အမလက် ရဲ့ အမူအရာနဲ့အတူ….
နှုတ်က လဲ စကားတစ်ခွန်းပါ အတူ ပါလာခဲ့တယ်…
“မြန်မြန်သွား အမေ မင်းကိုစောင့်နေတာ”…

ကြားနေကြစကားပေမဲ့..
ဒီတစ်ခါ အမလက် ပြောသံက…
အရင်တုန်းက ပြောသံတွေနဲ့မတူဖူး….
နည်းနည်းတော့ တုန်ယင်နေသလိုပဲ….

အမေ့အိပ်ခန်း တံခါးကို..
အသာလေးပဲဖွင့်လိုက်တယ်…
ထွက်လာတဲ့ တံခါးသံက..
မရဏ ဆိုတဲ့ သေခြင်းတံရားရဲ့…
ခပ်တိုးတိုး အံကြိတ်သံ လိုပဲ..
နည်းနည်းတော့ ရင် ထဲ မှာ ထိတ်သွားခဲ့တယ်…

ခုတင်ပေါ်မှာ…
ပက်လက် လေး အိပ်နေတဲ့ အမေ…
ဖျော့တော့တော့ အသားအရေနဲ့….
ပိန်လှီနေတဲ့ လက် တွေက..
အရင်နှစ်နဲ့တောင် မတူတော့ပါလား….

တစ်စက်ပြီး တစ်စက်ကျနေတဲ့…
ပုလင်းထဲက ဆေးစက်တွေနဲ့….
အရောင်စုံ.. ဆေးထိုးပိုက်တွေက..
အမေ့ ခန္ဒာကိုယ် အနှံ့…
အခန့်သား နေရာယူနေကြလေရဲ့….

ဝေဒနာ ကို အံတုနေတဲ့ အမေ….
ခပ်တင်းတင်း စိထားတဲ့ ပါးစပ်က…
ရင်ထဲက ထွက်လာတဲ့ နာကျဉ်မှုတွေကို…
အံမတုနိုင်ဖူးထင်ပါရဲ့…
တကျွတ်ကျွတ် နဲ့ အမေ စုတ်သပ်နေလေရဲ့….

ခုတင်ဘေးမှာ ထိုင်နေတဲ့ အမကြီး..
ကျွန်တော့ ကို တွေ့တော့….
အသာလေး အနားကို လာခဲ့တယ်….
“အမေ မင်းကို စောင့်နေတာ”
“သွားပြီး နှုတ်ဆက်လိုက်ပါဦးကွာ” တဲ့
သူ့အသံလဲ တုန်ယင်နေတာပါပဲလား…

စိုးရိမ်တဲ့ စိတ်တွေ နဲ့….
ခပ်ကျဲကျဲခြေလှမ်းတွေဟာ…
အမေ့အနားကို ခပ်မြန်မြန်ရောက်သွားစေသလိုပဲ…
မျက်စိမှိတ်ထားတဲ့ အမေ့ ကို…
ကျွန်တော် မခေါ်ရဲခဲ့ဖူး…
ခေါ်လို့ မနိုးလာရင်ဘယ်လိုလုပ်မလဲ….
ရင်ထဲက ထွက်လာတဲ့..
ခပ်တိုးတိုးအသံလေးတွေဟာ..
အမေ့မျက်နှာကိုကြည့်ရင်း…
ကျွန်တော့ နှုတ်က ပွင့်ကျလာခဲ့တယ်….
“အမေ အမေ ကျွန်တော် ရောက်ပြီလေ”….

အတွင်းထဲကို ချိုင်ဝင်နေတဲ့…
ခပ် ညိုညို မျက်ဝန်းတစုံအကြား…
အားယူရင်း.. ခပ်လေးလေးဖွင့်လိုက်တဲ့..
အမေ့မျက်လုံး…..
ကျွန်တော် ဒီတစ်သက်မမေ့နိုင်ခဲ့ပါဖူး….

ရီဝေနေတဲ့ မျက်ဝန်းတစ်စုံ..
အကြင်နာ မေတ္တာ ပြည့်နေတဲ့ အကြည့် နဲ့…
အမေ ကျွန်တော့ကို ကြည့်ရင်း…
ပါးထက်ကို မျက်ရည်တွေစီးကျလာတယ်..
ကျွန်တော် မနေနိုင်တော့ပါဖူး….

အရိုးသာသာရှိတော့တဲ့…
အားမဲ့နေတဲ့ လက်တစ်စုံ..
အဲ့လက်တစ်စုံနဲ့….
ငယ်ငယ်တုန်းက ကျွန်တော့ကိုချီပွေ့ခဲ့တယ်…
ကျွန်တော့ရဲ့ ပြန်မရနိုင်တော့တဲ့..
နွေးထွေးမှုတွေပါပဲ….

ကျွန်တော့ လက် ကို…
အသာလေး စုတ်ကိုင်လိုက်တဲ့ အမေ….
ပါးမှာလဲ မျက်ရည်စတွေနဲ့….
ကျွန်တော့ မျက်နှာကို စိုက်ကြည့်နေခဲ့တယ်….
တစ်ခါးမှ မရခဲ့ဖူးတဲ့…
အမေ့ရဲ့…
အကြင်နာအပြည့်နဲ့အကြည့်တွေ…..

မှတ်မှတ်ရရပေါ့…
အမေ့ ကျွန်တော့ကို ကြည့်နေတာ ၃ မိနစ်လောက်တော့ ကြာမယ်ထင်တယ်..
ဒီကြားထဲ.. အမေ ရောဂါဒဏ်…
ဘယ်လောက်ခံစားနေရလဲ မသိခဲ့ပါဖူး…
ဒါပေမဲ့…
အမေ့ရင် ထဲက သူ့ သား အပေါ်ချစ်တဲ့…..
အကြင်နာ အငွေ့အသက်တွေကိုတော့..
ကျွန်တော့် နှလုံးသားထဲ အငွေ့လာရိုက်သွားသလိုပဲ…
“ဘုရား.ဘုရား… အမေ ဘားမှမဖြစ်ပါစေနဲ့”

သူ့အနားကို ခပ်ဖြည်းဖြည်းဆွဲလိုက်တဲ့ အမေ….
အားအင်တွေ နောက်ဆုံးအတွက်သုံးလိုက်သလိုပဲ….
ကျွန်တော် အလိုက်သင့် ပါသွားခဲ့တယ်..
“အမေ ဘာလုပ်မှာပါလိမ့်”

ခပ်တိုးတိုး စကားသံ နှစ်ခွန်း..
အမေ့ နှုတ်ကထွက်ကျလာခဲ့တယ်…
သူနဲ့ပတ်သပ်ပြီး..
နောက်ဆုံးကျွန်တော် ကြားခဲ့တဲ့ စကားပါပဲ..
ကျွန်တော် မျက်ရည်တွေ ကျလာခဲ့တယ်…

(၄)

အဲ့နေ့မှာပေါ့….
ကျွန်တော့ကို မွေးခဲ့တဲ့အမေ…
ကျွန်တော့ကို အရမ်းချစ်တဲ့အမေ….
၉ လ လွယ် ပြီး ၁၀ လ ဖွားခဲ့တဲ့အမေ…
ကျွန်တော့ လက်ပေါ်မှာပဲ..
လူ့ဘ၀ ဆိုတာကို လက်ပြ နှုတ်ဆက်သွားခဲ့တယ်…
ကျွန်တော် အရမ်း ၀မ်းနည်းခဲ့မိတယ်…

အိမ်ခန်း အပြင်ထွက်လာတဲ့….
ကျွန်တော့ရဲ့ ခြေလှမ်းတွေဟာ..
ဝင်တုန်းကနဲ့တောင် မတူပါဖူး…
ကျွန်တော့ မျက်နှာကို လှမ်းကြည့်လိုက်တဲ့ အမကြီး…
“အမေ..” ဆိုတဲ့ အသံနဲ့အတူ..
အိပ်ခန်းထဲကို ပြေးဝင်သွားခဲ့တယ်….
ကျွန်တော် ကတော့ မကြားတော့ပါဖူး…
ကျွန်တော် နဲ့ အတူ အမေ လဲ မကြားနိုင်တော့ပါဖူး….

အမေရယ်…..
ကျွန်တော် ဆိုးမိုက်ခဲ့ပါတယ်…
အမြဲတမ်း သန္ဒေဆိုးခဲ့တဲ့ ကျွန်တော့ကို..
ခွင့်လွှတ်သည်းခံခြင်း လက်တစ်စုံနဲ့..
အမေ ပြု့ပြင်ပေးခဲ့တယ်…
အဲ့ဒိ လက် တစ်စုံလဲ..
ကျွန်တော် ပြန်လိုချင်တယ် အမေ…

စာမေးပွဲကျတိုင်း….
တစ်ဖြောင်းဖြောင်းရိုက်တက်တဲ့..
အမေ့ရဲ့ ထားဝယ်ကြိမ်လုံးလေးကိုလဲ..
ကျွန်တော် ပြန်လိုချင်တယ် အမေ….

အဖေမရှိတော့ပေမဲ့…
သားသမီး ၃ ယောက် ကို..
လူတော်တိုးနိုင်အောင်…
ပျိုးထောင်ပေးခဲ့တဲ့အမေ့ ဘ၀ ဟာ..
လုံးဝ မလှပခဲ့ပါဖူး….

တစ်နေ့ တစ်နေ့….
နေပူကျဲတဲအောက်မှာ…
လူတွေမနိုးခင်..
အပူလောင်ခံပြီး..
သားသမီးတွေ.. ပညာရေးအတွက်..
အမေ… အကြော်ရောင်းပြီး လုပ်ကျွေးခဲ့တယ်….

“မင်း အမေက အကြော်သည်ပါ”လို့ ပြောရင်…
မျက်စိမျက်နှာပျက်တက်တဲ့ ကျွန်တော်…
မသိစိတ်က ကြိတ်ပြီး ပြစ်မှားခဲ့တယ်…
“ဘာလို့ အမေ က အကြော်သည် ဖြစ်နေရတာလဲ….”

ကျွန်တော် မှားခဲ့ပါတယ် အမေရယ်…
အမေ့ အတွက် မစဉ်းစားပဲ..
ကိုယ့်အတွက် ကိုယ် ပဲ စဉ်းစားခဲ့မိတဲ့ ကျွန်တော်…
အမေ နေမကောင်းတာကို တောင်…
မပြုစုနိုင်ခဲ့ပါဖူးအမေ……

အတွေးတွေ အများကြီးနဲ့..ကျွန်တော်..
ရေစက်ချသံနဲ့အတူ….
နောက်ဆုံး အမေ့ စကားသံလေးကို….
နှလုံးသားလေးက ခပ်တိုးတိုးလေးပြန်ကြားလိုက်ခဲ့တယ်….

                                                 သား….. မွေးနေ့မှာ ပျော်ရွှင်ပါစေနော်

In: ကဗျာ Posted By: Date: Nov 3, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment