Professional Authors

ခတ္တာဖြူ – ဒီရေလှိုင်း

သိဟ်ရာသီဝါခေါင်ဦးမှာလ

စွင့်မြူးလို့

သင်းကြူကြူ
ပွင့်ဖူးတဲ့ ဆင်းဖြူဖြူရယ်
လှပုံမှာ အလွန်ထူး —–

မိုးစက်တို့ဖျန်းပက်
လှမ်းတက်လို့ ကမ္ဘာတွင်ခွင်
ယဉ်နိုင်အောင်အလှဆင်
မြင်သူတို့ စိတ်ကြည်နူး —

ခတ္တာဖြူတစ်ပွင့်ပန်းဟာ
ပင်ထက်မှာ တင့်လန်းစွာ
လှလွန်းပါလေတော့
မြေကမ္ဘာမှာ ကြွေရှာတဲ့
ရွက်ဝါငယ်မှာ တော်ရာကနေ မမျှော်သာ
မပျော်ကာ ဟိုးအဝေးမှာ ဆွေးဆွေးလေးနဲ့
ငေးငေးနေ 
သူ့ရင်မှာလေ အတွင်းကြေ ——

သူဝတ်လွှာ ဖြူစင်စင်မှာ
ပူပင်မှာစိုး
ယူငင်ကာ  တိုးတဲ့
သည်ကြိုးတမျှင်စကို
ဒါဏ်ရာတွေအမှန်ရလို့
ကိုယ်သာခံရစေ
ချစ်ခြင်းအသင်္ချေ
မလစ်ဟင်းနေ နှလုံးသားက
အပြုံးများလှလို့
အရှုံးသမားဘ၀နဲ့
ဝေးဝေးကနေ ကိုယ်လွမ်းမပြေ ။  ။

In: ကဗျာ,Others Posted By: Date: Oct 25, 2012
Comment #1

ကဗျာလောက ကို နောက်ပြန်မဆွဲကြပါနဲ့ လားဗျာ
ကျောင်းသားတွေရဲ့ သွေးမြေကျမှုတွေထဲကနေ ပေါ်ထွက်လာတဲ့
ခေတ်ပေါ်ကဗျာကို ပွဲထုတ်စို့လားဗျာ
shwekyalmoe@ gmail.com
shwekyalmoe.blogspot.com
ရွှေကြယ်မိုး

commentinfo By: yaewintaung at Oct 26, 2012
Comment #2

အနောက်ပြန်ဆွဲတဲ့ သဘောတော့ မဟုတ်လောက်ပါဘူး ကို ရွှေကြယ်မိုးခင်ဗျာ….။
ဒီကဗျာဟာ ကျွန်တော်တို့ထက် အသက်ရော ကဗျာသက်ပါကြီးတဲ့ အကို ဒီရေလှိုင်းရေးထားတာပါ…၊ကျွန်တော်ကလည်း သူ့ဆီက ခွင့်ပြုချက်နဲ့ ဒီ ကဗျာရွာမှာ ပြန်လည် တင်ပြထားခြင်းဖြစ်ပါတယ်…။ ဒီလိုကဗျာတွေ…၊ ခောတ်ပေါ်ကဗျာတွေ ၊ ကဗျာတွေမျိုးစုံနေတော့ ကဗျာရွာက ပိုပြီးတော့ ရသမြောက်ပြီး ပိုပြီး ဝေဆာနေမယ်လို့ပဲ ထင်ပါတယ်ဗျာ….။

commentinfo By: zawthetoo at Oct 26, 2012
Comment #3

အရမ်းကြိုက်တယ်.

commentinfo By: Second Two at Oct 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment