Professional Authors

လွမ်းတတ်ဖို့ မေ့နေသူ – ဒီရေလှိုင်း

မွန်းကြပ်လွန်းလို့
လွမ်းတတ်ဖို့တောင် မေ့နေသူပါ
သူကမှန်လို့
တို့ကမမှား
ကွဲပြားတဲ့အယူအဆတွေက
ခပ်ပါးပါးနဲ့
တံတိုင်းတစ်ခုလို ခြားနားနေခဲ့တယ် ။
ဖြူဖြူစင်စင်နဲ့ အပူအပင်မဲ့စွာနဲ့
အတူတူပင် သွားမဲ့လမ်းမှာ
ဆက်လှမ်းချင်ပေမဲ့
စမ်းတ၀ါးဝါးနဲ့
ရမ်းသွားနေသူတစ်ယောက် ဖြစ်ခဲ့ပြီလေ ။
သူငယ်ချင်းရေ တို့ဘ၀က
အရိပ်လိုချင် နေပူတဲကစောင့်နေပေမဲ့
တို့နေတာက ဆာဟာရအလယ်မှာ
ဘယ်ခါမှ အရိပ်မိုးနိုင်မှာလဲလေ ။

အတိတ်ဆိုးတွေနဲ့
မိုးမှောင်မှောင် တိမ်တိုက်ထဲမှာ
လွင့်မျောနေသူပါ
ဘယ်ခါမှ ဒီခိုးတွေထဲ
ဖောက်လွတ်ထွက်နိုင်မှာလဲ
တို့နေတာက Nuclear cloud ထဲမှာလေ ။

တစ်ယောက်ထဲလေ ၊ ကြာနေခဲ့ရင်
ကံကြမ္မာ အပျော်အမွေ့တွေနဲ့
အမှန်သာ အဖော်တွေ့ပြီး
ဖန်ခါခါ ပျော်မွေ့မယ်တဲံ့
တို့နေတာ ပလူတိုဂြိုလ်
လူဆိုတာ တွေ့နိုင်ခဲပြီပေါ့ ။

ပူပြီးရင်အေး နွေးနွေးလေးနေရမှာတဲ့
ဘယ်ချိန်ခါလဲလေ
တို့နေတာ နေမင်းဗဟို
အပူတွေသာပိုကဲမှလာလေ
အပူတွေကင်းရင် ဖြူစင်ခြင်းနဲ့အေးမယ်တဲ့
မတူတဲ့အမြင်တွေခြား
အအေးများနဲ့ဝေး နေဆဲလေ ။

တို့ကမှန်လို့
သူကမမှား
ခြားနားလှတဲ့အမြင်တွေကြောင့်
ခပ်ပါးပါး အမြင်လေးဟာ
တံတိုင်းတစ်ခုလိုခြားနေဆဲလေ ။
မွန်းကြပ်လွန်းလို့ လွမ်းတတ်ဖို့မေ့နေတဲ့
တို့ကို မင်းလေးက ————– ။

In: ကဗျာ,Others Posted By: Date: Jul 17, 2012
Comment #1

june 22 2011

commentinfo By: ei lay at Jul 17, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment