Professional Authors

ဦးလေးကြီးအောင် ကဖီး (၁)

 

အဲဒီ့နေရာမှာ…………………..

ကျွန်တော်တို့ရဲ့ ……………….

ဖွင့်အန်ခြင်းတွေရှိသလို ……….

တိုင်ပင်ဆွေးနွေးမှု့တွေရှိတယ် ။

 

နွေးထွေးမှု့တွေရှိသလို …….

ပွင့်လင်းဝေဖန်မှု့တွေရှိတယ် ။

ညီညွတ်ခြင်းတွေရှိသလို ………..

သဘောထားကွဲလွဲမှု့တွေရှိတယ် ။

 

ဆူဆူဆဲဆဲ အတူတူတွဲကာ ……

ညီရင်းကိုပမာ သူစိမ်းများ ………

ရင်ဘတ်ချင်းကူးလူးဆက်သွယ်ရာ

အဲဒီ့နေရာမှာပေါ့ …………………..။

 

တစ်ယောက်ရဲ့အပူကို

တစ်ယောက်ကကူရင်း

ကူညီဖေးမ ……………

ဝေဒနာတွေကိုတူကာမျှရင်း

ရင်ပွင့်ရတဲ့နေရာလေးပေါ့။

အဲဒီ့နေရာမှာ …….

ဘာမှာမှာဒါပဲလာတဲ့ …………………

လက်ဘက်ရည်ခပ်ချာချာတစ်ခွက်ရယ်

အသုပ်ပလုပ်လေးတွေနဲ့ ……………

ဟိုဟိုဒီဒီ…တိုတိုထွာထွာလေးတွေသာ

ရနိုင်ငဲ့ …………………………………….။

 

 

အဲဒီ့မှာ …………………………..

ခရိုးခယိုင်နဲ့ထိုင်ခုံပုလေးများစွာနဲ့

စွယ်တော်ပင်ပျိုရိပ်တို့ .. ရှိရဲ့…..

စွယ်တော်ကန်သာထဲက ……….

ဆာလောင်ခြင်းများနဲ့ စုံလင်လှတဲ့

ငါးများစွာကို ……………………..

ငါးစာကျွေးသူများလည်းရှိငဲ့ ။

 

အဲဒီ့နေရာမှာ ……………………….

ပြေလည်နေတဲ့ စုံတွဲလေးတွေရှိသလို

စောင့်မျှော်နေတဲ့ လွဲချော်ခြင်းတွေလည်းရှိခဲ့

အဲဒီ့နေရာမှာ

အရောင်းသမား၊ ကျောင်းသား/သူ

ဝန်ထမ်းပေါင်းစုံ၊ အလွှာပေါင်းစုံ

လူပေါင်းစုံ ….စုံ …..စုံ …..စုံ ……။

 

အဲဒီ့နေရာကိုရောက်ဖို့ ………………….

စွယ်တော်ရိပ်တွေတလျောက် ………….

တော်တော်လေးလည်းလမ်းလျှောက်ရရဲ့

တစ်ခါတလေ ……………………

နေကပူချင်ပူ ….. မိုးကရွာချင်ရွာခဲ့

ထူးဆန်းတာက ….. အဲဒီ့ကို …..

နှင်းတွေကြားထဲမှာ …………

ကျွန်တော်တို့တစ်ခါမှ

မရောက်ခဲ့ဖူးတာပါပဲ ။            

 

တင်မျိုးနိုင်

In: ကဗျာ Posted By: Date: Oct 23, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment