Professional Authors

အဖော်ပြုနေလိုက်ပါ…..။ ။

“သဲ” ဆိုတဲ့ နာမ်စားကြားတိုင်း
ငါ ရင်မခုန်တော့သလို
“မောင်” ဆိုသော ခေါ်သံကြားတိုင်း
နင် ငါ့ကို သတိမရနဲ့တော့……။
 
ဂရုစိုက်ခြင်းတွေကို
နင့်အတွက် ငါ မပေးတော့သလို
တမ်းတခြင်းတွေတိုင်းကိုလည်း
နင် ငါ့အတွက်မရည်ရွယ်နဲ့တော့…..။
 
ခွင့်လွှတ်မှုတွေ ငါကျောခိုင်းခဲ့သလို
တောင်းပန်မှုတွေတိုင်းလည်း
ငါ့ကို မတိုင်တည်နဲ့တော့…..။
 
နားလည်ပေးရခြင်းတွေ ငါမသိချင်တော့သလို
တန်ဖိုးထားတတ်ခြင်းတွေနဲ့
ပြန်လည် နင်မတည်ဆောက်နဲ့တော့……။
 
အရှုံးပေးခဲ့ရခြင်းတွေ မလိုအပ်တော့သလို
ဒီတစ်ခါ ဆိုရင် ခေါင်းစဉ်နဲ့
ငါ ပြန်လာမယ့်လမ်းကို နင် မမျှော်မှန်းနဲ့တော့……။
 
လွမ်းရလွန်းလို့ ကျနေသော မျက်ရည်အား
ငါ့ မာနတရားက တားဆီးနေသလို
မေတ္တာတရား ခေါင်းပါးခဲ့သောနင်
အချိန်စက်ဝိုင်းရဲ့ အစခရီးမှာ
နောင်တတွေနဲ့သာ ……
နင် အဖော်ပြုနေလိုက်ပါတော့……။
In: ကဗျာ Posted By: Date: Jun 30, 2011
Comment #1

သဲ” ဆိုတဲ့ နာမ်စားကြားတိုင်း
ငါ ရင်မခုန်တော့သလို
“မောင်” ဆိုသော ခေါ်သံကြားတိုင်း
နင် ငါ့ကို သတိမရနဲ့တော့……။

ဂရုစိုက်ခြင်းတွေကို
နင့်အတွက် ငါ မပေးတော့သလို
တမ်းတခြင်းတွေတိုင်းကိုလည်း
နင် ငါ့အတွက်မရည်ရွယ်နဲ့တော့…..။

ခွင့်လွှတ်မှုတွေ ငါကျောခိုင်းခဲ့သလို
တောင်းပန်မှုတွေတိုင်းလည်း
ငါ့ကို မတိုင်တည်နဲ့တော့…..။

နားလည်ပေးရခြင်းတွေ ငါမသိချင်တော့သလို
တန်ဖိုးထားတတ်ခြင်းတွေနဲ့
ပြန်လည် နင်မတည်ဆောက်နဲ့တော့……။

အရှုံးပေးခဲ့ရခြင်းတွေ မလိုအပ်တော့သလို
ဒီတစ်ခါ ဆိုရင် ခေါင်းစဉ်နဲ့
ငါ ပြန်လာမယ့်လမ်းကို နင် မမျှော်မှန်းနဲ့တော့……။

လွမ်းရလွန်းလို့ ကျနေသော မျက်ရည်အား
ငါ့ မာနတရားက တားဆီးနေသလို
မေတ္တာတရား ခေါင်းပါးခဲ့သောနင်
အချိန်စက်ဝိုင်းရဲ့ အစခရီးမှာ
နောင်တတွေနဲ့သာ ……
နင် အဖော်ပြုနေလိုက်ပါတော့……။

Comment #2

လွမ်းရလွန်းလို့ ကျနေသော မျက်ရည်အား
ငါ့ မာနတရားက တားဆီးနေသလို
မေတ္တာတရား ခေါင်းပါးခဲ့သောနင်
အချိန်စက်ဝိုင်းရဲ့ အစခရီးမှာ
နောင်တတွေနဲ့သာ ……
နင် အဖော်ပြုနေလိုက်ပါတော့……။
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Jun 30, 2011
Comment #3

နားလည်ပေးရခြင်းတွေ ငါမသိချင်တော့သလို
တန်ဖိုးထားတတ်ခြင်းတွေနဲ့
ပြန်လည် နင်မတည်ဆောက်နဲ့တော့……။

အရှုံးပေးခဲ့ရခြင်းတွေ မလိုအပ်တော့သလို
ဒီတစ်ခါ ဆိုရင် ခေါင်းစဉ်နဲ့
ငါ ပြန်လာမယ့်လမ်းကို နင် မမျှော်မှန်းနဲ့တော့……။
ကြိုက်တယ်ဗျာ……..

commentinfo By: laminpaing at Jun 30, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment