Professional Authors

အလွမ်း ကဖီး

ရေနွေးပူပူထဲ ကော်ဖီမှုန့် လေးတွေ
ကျလာတုန်း မွှေခဲ့တုန်းကပေါ့ ……
သက်ပြင်းတစ်ချက်…ရင်ဘတ်နဲ့ ငါအပြည့်ရှိနေတယ်

သီချင်းတစ်ပုဒ်လောက်….နားထောင်ဖို့ လွယ်တယ်ဆိုပေမယ့်
တိုက်ဆိုင်သွားတဲ့အခါ…..
ခဏခဏ ငါ အောက်စီဂျင် ပြတ်ပြတ်သွားတယ်

လေတစ်ချက်ဝေ့ လို့  သစ်ရွက်ကြွေတတ်တာ သဘာဝဆို
စကားတစ်ခွန်း ကြားလို့  မျက်ရည်တွေ ကျကျလာတာကကော….ချစ်သူ

အမုန်းတွေလဲ မင်းပိုင်ပါတယ်
အချစ်တွေကိုတော့…….ငါပိုင်ပါရစေ..(တစ်ဖက်သတ်လဲ ကျေနပ်နေပါ့မယ်)

အတွေးတွေ ကများလိုက်တာ…..
ကော်ဖီတောင်အေးနေပြီ…….
တစ်ကျိုက်ထဲ မော့ချလိုက်တယ်
..ညီ..လေး…ရေ………ပိုက်ဆံရှင်းမယ်ဟေ့..။

In: ကဗျာ Posted By: Date: Jun 3, 2013
Comment #1

နှလုံးသားနှင့်ခံစားသွားပါသည်

commentinfo By: ei lay at Jun 3, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment