Professional Authors

မရေရာမှုများဆီသို့ (သက်ထွေး)

နှလုံးသားက
သံစဉ်မဲ့စွာ
ဗျတ်စောင်းကို တီးခတ်တယ်
လွမ်းချင်းလား
တမ်းချင်းလား ..
ဒါမှမဟုတ်
ပျော်ရွှင်ခြင်း အတွက်လား ဆိုတာ
ဘယ်မျက်ရည်မှ
သက်သေမပြုပေးနိုင်ကြဘူးလေ ..

လှုပ်လီလှုပ်လဲ့နဲ့
ရင်ဘတ်တံခါးရွက်တွေကလည်း
တိုက်ခတ်မဲ့
လေကိုသာစောင့်မျှော်နေတယ်
လေပြည်လား …
လေနီကြမ်းလားဆိုတာ
သူတို့အတွက်
ရွေးချယ်ပိုင်ခွင့်မရှိဘူးလေ …

မျက်ရည်များက
လာရာလမ်းအတိုင်း
လှည့်ပြန်တယ်
အောင်မြင်မှုဆီလား ..
ရှုံးနိမ့်မှုဆီလားဆိုတာ …
သူ့ခြေထောက်ကို
သူမေးနေရဆဲပဲ …

သွေးဆာနေတဲ့
ကံတရားကို
မျှော်လင့်ချက်က
ဘဝနဲ့အတူ ကြေးထပ်တယ်
တိုးတက်ဖို့လား…
ဆုတ်ယုတ်ဖို့လားဆိုတာ
လောင်ကြေးပေါ် မူတည်ပြီး
နာကျင်မှုက လက်ဝါးကြီး အုပ်နေဆဲပဲ …

သက်တံ့က
ယုယစွာ တံတားထိုးတယ် ..
ပန်းခင်းတံတား မဟုတ်ပေမယ့်
သူ့ ခြေလှမ်းများက
မရေရာမှုများဆီသို့ ….

သက်ထွေး
ဖေဖော်ဝါရီ ၁၅ ၂ဝဝ၇

In: ကဗျာ Posted By: Date: Jun 2, 2010
Comment #1

သွေးဆာနေတဲ့
ကံတရားကို
မျှော်လင့်ချက်က
ဘဝနဲ့အတူ ကြေးထပ်တယ်
တိုးတက်ဖို့လား…
ဆုတ်ယုတ်ဖို့လားဆိုတာ
လောင်ကြေးပေါ် မူတည်ပြီး
နာကျင်မှုက လက်ဝါးကြီး အုပ်နေဆဲပဲ ။

ဘ၀အကြောင်းတွေတော်တော်များတယ်နော် အကို ကျနော် အား၇င် အကို့ကဗျာတွေလာဖတ်ပါတယ် ။ လေးစားပါတယ် အကို ။ ဆက်ပြီး ပိုပိုကောင်းတဲ့ကဗျာလေးတွေထွက်လာပါစေလို့…………….

commentinfo By: yonlay at Sep 25, 2010
Comment #2

မရေရာမှုများဆီသို့……
fav တွေထဲက fav တစ်ခု
(((((((((((((((((:

လှုပ်လီလှုပ်လဲံနဲ့
ရင်ဘတ်တံခါးရွက်တွေကလည်း
တိုက်ခတ်မဲ့
လေကိုသာစောင့်မျှော်နေတယ်
လေပြေလား …
လေနီကြမ်းလားဆိုတာ
သူတို့အတွက်
ရွေးချယ်ပိုင်ခွင့်မရှိဘူးလေ …

/* ကြိုက်တယ်…….. တစ်ခုလုံးကို.. cellent cellent excellent for real… */

commentinfo By: ဖြိုးဖြိုး at Jan 15, 2011
Comment #3

နှလုံးသားက
သံစဉ်မဲ့စွာ
ဗျတ်စောင်းကို တီးခတ်တယ်
လွမ်းချင်းလား
တမ်းချင်းလား ..
ဒါမှမဟုတ်
ပျော်ရွှင်ခြင်း အတွက်လား ဆိုတာ
ဘယ်မျက်ရည်မှ
သက်သေမပြုပေးနိုင်ကြဘူးလေ ..

မလာဖြစ်တာကြာပေမယ့် ဖတ်ခွင့်၇လို့ကျေးဇူး….. good

commentinfo By: moezat at Jan 15, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment