နွေလွန်ဆောင်းအိပ်မက် (သက်ထွေး)
ငါကနွေရနံ့တွေနဲ့
ဆောင်းနံနက်ခင်းတို့ကို
မြူတွေစိုင်းစေချင်သူ ..
ရင်ခွင်ထဲ
နေလုံးကြီး ပစ်ထည့်သွင်းပြီး
ဆည်းဆာတို့ကိုဖျောက်ပစ်ခဲ့တဲ့
ဆောင်းမိမယ်လေးရယ် ..
မင်းပေးတဲ့ ညတာရှည်လွန်းတယ်။
တောပန်းတွေပျော်တဲ့နွေ
ဥဩတွေကျူးရင့်တဲ့နွေ
အလွမ်းတွေခြယ်မှုန်းထားတဲ့
ငါနွေရယ်ပါ ..
မင်းပေးတဲ့ ဆောင်းအိပ်မက်တွေ
ဂယောက် ဂယက် နိုင်လွန်းတယ်။
ရိုးတံကျဲကျဲ ငါ့မျှော်လင့်ချက်တွေကို
အေးစက်စက် မင်းအပြုံးတွေနဲ့
ခြွေသာချပစ်လိုက်ပါတော့
မင်းထင်သလို
ငါနွေဟာ ပူလောင်တယ်မဟုတ်လား။
ဆောင်းမိမယ်လေးရေ ..
မင်းဒီဇင်ဘာအတွက်
ငါပူလောင်ခြင်းတွေက
မီးပုံပွဲတစ်ခုသာဖြစ်ပါစေတော့ကွာ
မင်းမွေးနေ့မှာ
ငါ့ကိုလောင်ကျွမ်းစေရင်း
ပျော်ရွင်ပါစေ ။ ။
သက်ထွေး
၂၄ ၊ စက်တင်ဘာ ၊ ၂ဝဝ၇ မနက် ၁း၃၂
Comment #3
ရိုးတံကျဲကျဲ ငါ့မျှော်လင့်ချက်တွေကို
အေးစက်စက် မင်းအပြုံးတွေနဲ့
ခြွေသာချပစ်လိုက်ပါတော့
မင်းထင်သလို
ငါနွေဟာ ပူလောင်တယ်မဟုတ်လား။
By: နတ်သမီး at May 4, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service




Comment #1
ဆောင်းမိမယ်လေးကပြောတယ်..
အပြုံးနဲ့မျှော်လင့်ချက်ကိုခြွေပါဘူးတဲ့. ပြီးတော့…
အရမ်းကြီးသာချမ်းနေပါစေတဲ့..အဲလိုမီးပုံပွဲလိုချင်ဘူးတဲ့..
ကဲဘယ်လိုလုပ်မလဲ..ကဗျာဆရာ…(: