Professional Authors

ကြေးနန်းစာ (သက်ထွေး)

ကျွန်တော် ရေးထားတဲ့ မော်ဒန်ကဗျာတွေထဲမှာ ပုံပြင်ဆန်ဆန်အကြောင်းအရာနဲ့ရေးဖြစ်တဲ့ ကဗျာ သုံးပုဒ်ရှိတယ်။ ပထမဆုံး ရေးဖြစ်တဲ့ကဗျာက “ကျူးကျော်မြေ … မဟုတ်ပါ” ဒုတိယကဗျာတစ်ပုဒ်က “မနက်ခင်း မှ နံနက်ခင်းဆီသို့” နောက်ဆုံးကဗျာကတော့ အခုအောက်မှာ ဖတ်ရမယ့်“ကြေးနန်းစာ” ပဲ။ ထုံးစံအတိုင်း ကျွန်တော်ရေးနေကျ Dark Theme မှာပဲ အခြေခံပြီးရေးထားတယ်။

သူမက
“လွတ်လပ်ခြင်း” ဟု
ကြေးနန်းရိုက်လိုက်သောအခါ
ကျွန်တော်က
သံယောဇဉ်
ရထားတစ်စင်း ပေါ်မှ
ခရီးသွားဖြစ်သည်။

အငွေ့တလူလူနဲ့
မျှော်လင့်ချက်တွေက
ကောင်းကင်ကြီးကို
ဂရုမစိုက်အားခဲ့ …
စိုက်ထူရခက်သော
ဆုပ်ကိုင်ရာမဲ့
ဒြပ်တို့ရှိရာ
မနက်ဖြန်များ ဆီသို့သာ
ဖိုသံတွေ ပေးလို့
ချီတက်ရင်း
အခမ်းအနားနဲ့
လာ နေခဲ့သည် ။

အလွမ်းဆိုတာ
ပြန်ဆုံတွေ့ရမဲ့
ချစ်သူနှစ်ယောက်အတွက်
အလှပဆုံး
ဇာတ်သိမ်းဖြစ်မယ်လို့
ကျွန်တော်
ယူဆခဲ့ဖူးရဲ့ …
ယနေ့တွေကို
ကန့်လန့်ကာချ
ပစ်လိုက်သောအခါ
အတိတ်ဆိုသော
အရာသည်
မြူစိုင်းများထက်တွင်
မီးကိုဖိုလို့ သာ
ကျန်ရစ်ခဲ့တော့သည် ။

သူမ
ဆိုက်ရောက် မလာခဲ့သော
ဘူတာလေးသည်
ရင်ခုန်သံများဖြင့်
စွံ့အလို့နေ၏ ….
ကျွန်တော်သည်
အဝေးပြေး စကားပြောစက်မှ
တစ်ဆင့်
အိပ်မက်သေများကို
ဖမ်းယူလှုပ်နှိုးခဲ့သည်။

လက်ချိုး ရေထားသော
သူမ၏ ပြင်ဆင်မှုများကြားထဲ
ကျွန်တော်
နေသားမကျခဲ့ …
သူမ၏
မျက်ရည်များသည်
ကျွန်တော့် လက်၏
တစ်ဖက်သက်
ဆုပ်ကိုင်မှုများအား
ဖြေချခဲ့သည် ။

“မလိုအပ်တော့ပြီ” ဟု
ဓာတ်ခဲဖြုတ်ချ
လိုက်သောအခါမှသာ
ကျွန်တော်သည်
သူမ၏ ရီမုဒ်လေးဖြစ်မှန်း
သတိထားမိခဲ့သည် …
ထိန်းချုပ်ရာမဲ့သော
နေ့ရက်တွေထဲ
ကျွန်တော်၏
လွတ်လပ်မှုသည်
အထီးကျန်ဆန်လွန်းလှသည်။

ဒီဘူတာအိုလေး ထဲသို့
သူမ
ပျံသန်းလာရန်
ကျွန်တော်
မမျှော်လင့်ခဲ့ပါ ..
တစ်စုံတစ်ယောက်၏
နိုးထခြင်းကို
တစ်စုံတစ်ယောက်၏
အိပ်မက်များဖြင့်
မပိတ်လှောင်စေခြင်းကြောင့်သာ
ဖြစ်သည်။

သူမ၏
ကြေးနန်းစာသည်
ကျွန်တော်၏
ဓာတ်ခဲအား
ကိုက်ချီယူဆောင်
ပြေးထွက်သွားခဲ့သည် ။ ။

သက်ထွေး
ညနေ ၅းဝဝ

In: ကဗျာ Posted By: Date: May 31, 2009  
Comment #1

အဟတ်… မိုက်ပါတယ်… ဂယ်ပြောတာ… ဝတ္ထုတိုလေးဖတ်နေရသလိုပဲ… ထိန်းချုပ်ရာမဲ့သော
နေ့ရက်တွေထဲ
ကျွန်တော်၏
လွတ်လပ်မှု့သည်
အထီးကျန်ဆန်လွန်းလှသည်။
အဲ့နေရာအကြိုက်ဆုံးပါ… ထပ်ရေးပါ… ထပ်အားပေးမယ်… ဟဲဟဲ…
အားပေးလျက်
wote wote 😛

commentinfo By: Ei Mon Soe at May 31, 2009
Comment #2

အင်း.. အထီးကျန်ဆန်တဲ့ လွတ်လပ်မှုထက် အိပ်မက်တွေနဲ့ ပိတ်လှောင်ခံချင်တယ်ဆိုရင် ရူးရာကျမလား..

wow.. soo creepy.. my comment.. hehe 😀

commentinfo By: အရဲ at May 31, 2009
Comment #3

ဟိုက်ရှားပါး.. မိုက်ချက်က.. ကန်းကုန်တယ်။
အလွမ်းဆိုတာ
ပြန်ဆုံတွေ့ရမဲ့
ချစ်သူနှစ်ယောက်အတွက်
အလှပဆုံး
ဇာတ်သိမ်းဖြစ်မယ်လို့

အဲဒီဟာလေးကိုခိုက်သလို.. တခြားဟာတွေလည်း အကုန်ခိုက်ပါတယ်..
အိမွန်စိုးပြောတာလည်းထောက်ခံပါတယ်.. အဟိ…

commentinfo By: Kitty Yang at May 31, 2009
Comment #4

ကောင်းတယ် … ဒီတခါတော့ ပထမဆုံးအပိုဒ်လေးကို အကြိုက်ဆုံးပဲ
ဒါနဲ့ အလွမ်းဆိုတာ ပြန်မဆုံတွေ့ရမယ့် ချစ်သူနှစ်ယောက်အတွက်ကျတော့ရော … ဘယ်လိုဇာတ်သိမ်းမျိုးဖြစ်မှာလဲ … ရုပ်အဆိုးအကျည်းတန်ဆုံးဇာတ်သိမ်းလား … 🙂

ကြေးနန်းစာ ပြီးတော့ Telex တွေ၊ Fax တွေ၊ Email တွေလည်း ဆက်ရေးပါဦး 😀

ကိုယ်ရေးကိုယ်ကြိုက် ကဗျာများ အပြင် “ကိုယ်ရေး ဘယ်သူမှမကြိုက်” ကဗျာများရော မရှိဘူးလား … ဟီးဟီး 😀

commentinfo By: harry at May 31, 2009
Comment #5

ဟီးဟီး .. ဖဲ့လိုက်ကြီးလား .. ကို ဟယ်ရီကြီး ..

အင်းဗျ .. ဇာတ်သိမ်းတဲ့သူပေါ်မှာပဲ မူတည်မယ်ထင်တယ် ..

ခေတ်သစ်ရဲ့ သားကောင်များမှာ ကျွန်တော်မပါဘူးဗျ ။ Tele Fax Email တွေ ကဗျာမဆန်ပါဘူးဗျာ

commentinfo By: thettwe at May 31, 2009
Comment #6

“တစ်စုံတစ်ယောက်၏
နိုးထခြင်းကို
တစ်စုံတစ်ယောက်၏
အိပ်မက်များဖြင့်
မပိတ်လှောင်စေခြင်းကြောင့်..” တဲ့ ထပ်ကာထပ်ကာရွတ်သွားတယ်….

commentinfo By: အမရာ at Jun 17, 2010
Comment #7

တစ်စုံတစ်ယောက်၏
နိုးထခြင်းကို
တစ်စုံတစ်ယောက်၏
အိပ်မက်များဖြင့်
မပိတ်လှောင်စေခြင်းကြောင့်….

ကူးပြီး စုတုပြု လုပ်ထားပါသည်။

commentinfo By: သီရိ at Sep 30, 2010
Comment #8

ဆောရီး

ညီမ ကူးသွား တာကို ပြောတာနော်

commentinfo By: သီရိ at Sep 30, 2010
Comment #9

ဒီဘူတာအိုလေး ထဲသို့
သူမ
ပျံသန်းလာရန်
ကျွန်တော်
မမျှော်လင့်ခဲ့ပါ ..
တစ်စုံတစ်ယောက်၏
နိုးထခြင်းကို
တစ်စုံတစ်ယောက်၏
အိပ်မက်များဖြင့်
မပိတ်လှောင်စေခြင်းကြောင့်သာ
ဖြစ်သည်။ အကုန်လုံးကြိုက်တယ်ဗျာ။
ဒီအပိုဒ်ကိုအကြိုက်ဆုံးပဲ။အကို့ကဗျာတွေအားလုံးကြိုက်တယ်ဗျာ…

commentinfo By: terry at Sep 30, 2010
Comment #10

ကြေးနန်းစာ
……………..
သူမ၏
ကြေးနန်းစာသည်
ကျွန်တော်၏
ဓာတ်ခဲအား
ကိုက်ချီယူဆောင်
ပြေးထွက်သွားခဲ့သည် ။ ။

ကဗျာလေးက…………………….. တကယ်ကို excellent ပါ…
(:
cellent cellent excellent ever…

commentinfo By: ဖြိုးဖြိုး at Dec 25, 2010
Comment #11

အားပေးလျက်ပါ…..။

commentinfo By: Aung Thet Paing at Dec 25, 2010
Comment #12

Awesome ကိုသက်ထွေး

commentinfo By: lwanhlainge at Dec 25, 2010
Comment #13

အလွမ်းဆိုတာ
ပြန်ဆုံတွေ့ရမဲ့
ချစ်သူနှစ်ယောက်အတွက်
အလှပဆုံး
ဇာတ်သိမ်းဖြစ်မယ်လို့
ကျွန်တော်
ယူဆခဲ့ဖူးရဲ့

commentinfo By: chocolate at Aug 21, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment