Professional Authors

အမှတ်တမဲ့ပေမယ့် ငါလွမ်းတယ်

သူ့မျက်ဝန်းတွေရရှိခဲ့ဘူးတယ်….
ကြည်စိုနက်စွေးနေတဲ့မျက်ဝန်းတောက်တောက်လေးတွေငေးရင်း
နားမလည်ချင်ယောင်နဲ့
တိတ်တဆိတ်လေးပဲသိမ်းထားခဲ့တယ်…

ခုတော့ အဲဒိ့မျက်ဝန်းတွေလွမ်းတယ်…

သူ့အပြုံးတွေရရှိခဲ့ဘူးတယ်….
ကော့တက်သွားတဲ့ နှုတ်ခမ်းပါးပါးလေးရဲ့
ကံကောင်းခြင်းတွေကို အားကျရင်း…
တိတ်တဆိတ်လိုက်ပြုံးရင်းပဲ….
တိတ်တဆိတ်လေးပဲသိမ်းထားခဲ့တယ်….

ခုတော့အဲဒိ့အပြုံးတွေငါလွမ်းတယ်…

သူ့ရယ်မောခြင်းတွေရရှိခဲ့ဘူးတယ်…
မှေးကျင်းကြည်လဲ့သွားတဲ့သူ့မျက်ဝန်းတွေနဲ့
ဖြူသေးလှပတဲ့သွားစွယ်လေးတွေငေးရင်း
ဆုတောင်းကောင်းတဲ့သူလို့ပဲတွေးရင်းပဲ..
တိတ်တဆိတ်လေးပဲ သိမ်းထားခဲ့တယ်…

ခုတော့အဲဒိ့ရယ်မောခြင်းတွေငါလွမ်းတယ်…..

သူ့ဂရုစိုက်ကြင်နာမှုတွေရခဲ့ဘူးတယ်…
မတူတဲ့အဆင့်တွေကြား အားနည်းချက်များတဲ့ငါ့အပေါ်
စာနာဖေးမမှုတွေလို့ပဲဖြေတွေးလေးတွေးရင်းပဲ …
တိတ်တဆိတ်လေးကျေနပ်လိုက်မိတယ်..

ခုတော့ အဲဒိ့ဂရုစိုက်မှုတွေငါလွမ်းတယ်…

သူနဲ့ပတ်သတ်ပြီးရရှိခဲ့တာတွေအားလုံးက …
အမှတ်တမဲ့တွေရယ်လို့ ဘာရယ်မဟုတ်တွေးထားခဲ့တာ…
ခုတော့
မင်းမရှိတော့တဲ့ ထိုင်ခုံကွက်လပ်လေးကိုငေးရင်း
မင်းပေးခဲ့ဘူးတယ်ဆိုတဲ့ နှလုံးသား အတိမ်အနက် ပေးဆပ်ခြင်းတစ်ချို့ကိုတမ်းတရင်း
အဲဒိ့အမှတ်တမဲ့တွေကို ငါလွမ်းတယ်….

In: ကဗျာ Posted By: Date: Oct 19, 2012
Comment #1

Hna lone tar hnit khan sarr arr pay twar par de.

commentinfo By: ei lay at Oct 19, 2012
Comment #2

အမှတ်တမဲ့တွေရယ်လို့ ဘာရယ်မဟုတ်တွေးထားခဲ့တာ…
ခုတော့အဲဒိ့အမှတ်တမဲ့တွေကို ငါလွမ်းတယ်….

commentinfo By: MyatThu at Oct 20, 2012
Comment #3

မလွမ်းရဲတဲ့ ဒီကောင့်ပုခုံးမှာ
နင်ခေါင်းအုံးခဲ့ကတည်းက
နှလုံးသားမှာ
အလွမ်းတွေချင်းချင်းနီလို့ပေါ့

commentinfo By: စိမ်းလန်း(ခေး) at Oct 20, 2012
Comment #4

very good

commentinfo By: meso at Jan 13, 2013
Comment #5

Thz u

commentinfo By: ei lay at Jan 13, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment