Professional Authors

နင့်ကိုလွမ်းတယ်

နင့်ကိုလွမ်းတယ် .. ။

နင့်ရဲ့ဂျစ်ကပ်ကပ် အပြုအမူလေးတွေကို
လွမ်းတယ် .. ။

နင့်ရဲ့ စိတ်တိုနေတဲ့ အမူအယာတွေကို
လွမ်းတယ် .. ။

နင့်ရဲ့ စေ့ထားရင်တောင် ပြုံးနေတဲ့ နှုတ်ခမ်းလေးကို
လွမ်းတယ် .. ။

နင့်ရဲ့ အကြည့်စူးစူးတွေကို
လွမ်းတယ် .. ။

နင့်ရဲ့ ခပ်တိုးတိုးကပ်ပြောတတ်တဲ့ စကားသံလေးကို
လွမ်းတယ် .. ။

နင့်ရဲ့ သဝန်တိုတတ်တဲ့ အကျင့်လေးကို
လွမ်းတယ် .. ။

နင့်ရဲ့ တစ်ဒိတ်ဒိတ်ရင်ခုန်သံနဲ့အတူ နင့်ရင်ငွေ့နွေးနွေးကိုလဲ
လွမ်းတယ် .. ။

ဒီထက်မကတဲ့ အလွမ်းတွေနဲ့ 
နင်တစ်ယောက်တည်းကို လွမ်းရင်း 
ရှင်သန်နေတဲ့ မိန်းမတစ်ယောက်
ဒီကမ္ဘာပေါ်မှာ ငါတစ်ယောက်တည်း ရှိနေတာ ..
နင့်အတွက် နည်းနည်းလေးတောင် လွမ်းစရာမကောင်းဘူးလား .. ။

မိုးအိပ်မက်

In: ကဗျာ Posted By: Date: Sep 10, 2012
Comment #1

Wow..
Million Thz
Same with me.
😛

commentinfo By: ei lay at Sep 10, 2012
Comment #2

thz for ur words ..

commentinfo By: Moe Eain Mat at Sep 11, 2012
Comment #3

နင့်​အတွက်​နည်းနည်း​လေး​တောင်​လွမ်းစရာမ​ကောင်းဘူးလားးး အရမ်းမိုက်​တယ်​​နော်​အမအား​ပေး​နေတယ်​​နော်

commentinfo By: han mo at Oct 19, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment