Professional Authors

+++ နေမ၀င်တဲ့နေ့ +++

အဲဒီ့နေ့က……………….
ကြယ်မိုးတွေရွာကာချ …..
တော်ဝင်နက္ခတ်တို့ရဲ့ …..
ပွဲတော်ည..တစ်ခုတဲ့လေ…

ကောင်းကင်တော်က
ကြွေကာကျသလို….
သူက……………….
ဂါဝန်ဝတ်တဲ့……….
မိုးတိမ်လေးအလား..
နူးညံ့လှပနေခဲ့ပေါ့ …

ထိစပ်ခွင့်မရနိုင်တဲ့…………….
မိုးကုတ်စက်ဝိုင်းရဲ. ……………
အနားသတ်မျဉ်းတစ်ကြောင်းလို
ကျွန်တော်က………………….
သူမရဲ့ ………………………..
အဝေးတစ်နေရာက…………..
ငေးကြည့်နေချင်ခဲ့ ……………

ဒါပေမယ်လေ ……………….
အဲဒီနေ့က …………………..
ကျွန်တော့်အတွက်…………..
နေမ၀င်ခဲ့တာတော့ …………
ထူးဆန်းလွန်းခဲ့ပါတယ် ။       ။

တင်မျိုးနိုင်

In: ကဗျာ Posted By: Date: Oct 19, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment