Professional Authors

သူမ

သူမရဲ့ စကားတစ်ခွန်းပေါ့
ငါ့ရဲ့ ရင်ဘတ်တစ်ခုလုံးကို
လှုပ်ခတ်စေခဲ့တာ…

သူမရဲ့ အပြုံးလေးတစ်ခုပေါ့
ငါ့ရဲ့ မာနတွေကို
ပြာကျစေခဲ့တာ…

သူမရဲ့ အသက်ရှူသံတွေပေါ့
ငါ့ရဲ့ ရင်ခုန်သံတွေကို
ပြောင်းပြန်လှန်စေခဲ့တာ…

သူမရဲ့ အလှတရားပေါ့
ငါ့ရဲ့ ဘဝအခါးတွေကို
ဖျေဖျောက်စေခဲ့တာ…

သူမရဲ့ အချစ်တွေပေါ့
ငါ့ရဲ့ မျှော်လင့်ချက်တွေကို
အသက်ပြန်သွင်းပေးခဲ့တာ…

သူမရဲ့ အနမ်းတစ်ပွင့်ပေါ့
ငါ့ရဲ့ မဟူရာညတွေကို
နွေးထွေးစေခဲ့တာ…

သူမရဲ့ သံသယတွေပေါ့
သူမပေးခဲ့တဲ့ ဘဝရဲ့အနှစ်သာရတွေကို
ဖျတ်သိမ်းခဲ့တာ…

သူမရဲ့… သူမရဲ့…
အမိန့်တွေပေါ့
ငါ့ရဲ့ နေ့ရက်တွေက
နာခံနေခဲ့တာ…

သူမရဲ့ စကားတစ်ခွန်းပဲပေါ့
ငါ့ရဲ့ ယုံကြည်မှုတွေကို
စတေးပစ်ခဲ့ရတာ…

In: ကဗျာ Posted By: Date: Oct 14, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment