Professional Authors

“မင်းမြှားတွေချွန်မပြီးမချင်း စစ်ကြီးလဲမပြီးနိုင်သေးဘူး လင်န်နီ”

လင်န်နီ ရေ…
ဘဝ ဆိုတဲ့ “မှား/မှန်ရောထွေး အမှန်ရွေး”
မေးခွန်းရှည်ကြီးမှာ
မင်း ၂၃ နှစ်ကြာအရွေးမှားခဲ့ပြီးပြီမဟုတ်လား…

သွေးရူးသွေးတမ်း
ဆုပ်ကိုင်ထားမိတဲ့
“လူလုပ် အမှန်တရား” ဟာ
လက်ထဲမှာတင် ဖျစ်ခနဲကြေမွသွားတဲ့အခါ
မင်းလက်ဖျံမှာ ကုတ်ခြစ်ရာတွေနဲ့…
မင်းသွေးကြောထဲမှာ
စိတ်ကိုပြောင်းလဲစေတဲ့ ဓါတုပစ္စည်းတွေနဲ့…
မင်းမနတ်ဖြန်တွေမှာ
ပြန်ထုတ်မဖတ်ရဲတဲ့ အယောင်ယောင်အမှားမှား
စာမျက်နှာတွေနဲ့မဟုတ်လား
လင်န်နီ…

လင်န်နီ ရေ…
“လောကဓံတရား”ဆိုတဲ့
အစွမ်းထက်အားဆေးကိုမှ
“ဆေးခါးကြောက်”နေရလောက်အောင်
မမိုက်မဲချင်ပါနဲ့တော့…

မျှော်လင့်ချက်တွေ
မှိုခါ နေလှမ်း
“အပြေးစီးဖိနပ်” စီလက်ကမ်းပါတော့
လင်န်နီ…
စိတ်ရဲ့ထွက်ပေါက်ဟာ
ဘီယာဆိုင်မှာ နိုက်ကလပ်မှာ မဟုတ်ဘူး
မင်းစိတ်ထဲမှာ ပြန်ရှာကြည့်ရမည့် အရာပါ
လင်န်နီ…

လင်န်နီရေ…
မင်းမြှားတွေချွန်မပြီးမချင်း
ဒီစစ်ကြီးလဲမပြီးနိုင်သေးဘူး
“စဉ်းစားခြင်းဝါဒ” ကို
သံချပ်ကာအဖြစ်အသုံးချပါ…
“မုဒိတာတရား” စစ်ဖိနပ်လိုဝတ်ပါ…
ပညတ်/ပရမတ် တွေ
အံခွက်ထဲ ဝင်အောင်ထည့်ပါ…
ဒွန္တရာ တိုက်ပွဲရဲ့
ရွံစရာ စရိုက်အလွဲတွေကို
အပြင်းအထန်ခုခံနေတဲ့
သူရဲကောင်းမလေးအဖြစ်
ပြန်လာပါတော့
လင်န်နီ ။ ။

ဒီဗိုင်း
၂၀၁၂ အောက်တိုဘာ ၁၂
ညနေ ၃:၄၅

In: ကဗျာ Posted By: Date: Oct 13, 2012
Comment #1

စကားလုံးတွေ အားအတော်ကောင်းတယ်ဗျ

commentinfo By: အသဲကွဲမိုး at Oct 13, 2012
Comment #2

ဟုတ်ပ ဟုတ်ပ အရမ်းမိုက်တယ်

commentinfo By: n$n at Feb 17, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment