Professional Authors

“ ကိုယ်ပွားတွေရဲ့ ကိုယ်စားအတွက် ပြောခဲ့သမျှစကားတွေက ခါးတယ် ”

မှောင်ညို့မှိုင်းနေတဲ့ စိတ်အစဉ်နဲ့ ဘ၀ကိုမြင်ကြည့်တော့

ကျွန်တော်တွေးမိသလောက်တော့ ခင်ဗျားလည်းတွေးမိမှာပေါ့

နာကျည်းမှုဆိုတာတွေက ထမ်းထားလို့ကောင်းတဲ့အရာမဟုတ်သလို

ပေါက်ကွဲမှုသီအိုရီတွေမှာလည်း ဘာဆင်ခြေမှမရှိခဲ့ (သူများတွေအတွက်မသိပေမယ့်)

ဘ၀ဆိုတာကြီးက ဂေါ်လီလုံးသာသာရယ်

အနှိမ်ခံဆိုတာ အူဝဲဆိုတည်းက မွေးရာပါအမှတ်အသား

မိဘနှစ်ပါးကလွဲရင် အားလုံးရဲ့ အပယ်ခံဂြိုလ်သားလေးလား

မောင်နှမတွေကြားမှာ အငယ်ဆုံးနဲ့ထော်လော်ကန့်လန့်အနိုင်ဆုံး အဲဒီ့လိုနဲ့ လူတွေပယ်တဲ့

လူဆိုးလေးတစ်ယောက် အပယ်ခံရင်းလမ်းဘေးကို ပိုရောက်လာတယ် (ဆန်းသလား)

တေလေလို့ပြောတိုင်း ပျက်စီးနေပါတယ်ပြောရင် ကျွန်တော်ရယ်မယ်

ကျွန်တော့်မှာ အကောင်းဆုံးသူငယ်ချင်းတစ်ယောက်ရှိတယ်

အဖော်မွန်စာအုပ်တွေရှိတယ်

မိတ်ဆွေအဖြစ် လက်ဖက်ရည်ဆိုင်တွေလည်းရှိတယ်

ဂစ်တာရှိတယ်

ကဗျာရှိတယ်

ထို့ကြောင့်     ထို့ကြောင့်တွေလည်းရှိတယ်

အောင်မြင်မှုကို ဆာလောင်မွတ်သိပ်မှုလည်းရှိတယ်

လူတွေကို ကူညီချင်စိတ်လည်းရှိတယ်

တိရိစ္ဆာန်တွေအပေါ် စာနာစိတ်လည်းရှိတယ် ပြီးတော့

အချိန်တွေလည်းရှိတယ် ထို့ကြောင့် ဆရာဖေမြင့်ရှိတယ်

ဆရာပီမိုးနင်းရှိတယ် ဆရာချစ်ဦးညိုရှိတယ်

အင်္ဂလိပ်စာညံတဲ့ ကျွန်တော့်အတွက် ဘာသာပြန်တွေလည်းရှိတယ် (ကျွန်တော်သိပါတယ်)

ခင်ဗျားက အချိန်ဖြုန်းသူလို့ ပြောချင်နေတယ်မဟုတ်လား (ပြောချင်တာကိုပွင့်ပွင့်လင်းလင်းပြောပါ)

ကျွန်တော်တို့မှာ လူပြောသူပြောနည်းတဲ့ လူတေလေတွေရဲ့နားလည်မှုလည်းရှိတယ်

ဒါနဲ့ ခင်ဗျားရဲ့အသက်ရူသံတွေပြင်းနေပြီလား (နဲနဲလျော့ဗျာ)

ဒေါသဆိုတာ မျိုချရခက်တဲ့ လေးထောင့်ပုံလောက်စာလုံး

သုံးလိုက်တဲ့အခါတိုင်းထောင့်နေတယ်မဟုတ်လား

(ကြားလား) ခင်ဗျားကြားလိုက်မိလား

လူအများရဲ့ ငိုညည်းသံတွေ ပြိုကျလုလုခင်ဗျားရဲ့ ရွှေတောင်ကြီးတွေ

အိုစပြုလာတဲ့ ပညာအရည်အချင်းတွေ

ကျွန်တော်က တေလေပါ ကျွန်တော်ပြောတဲ့စကားကို ယုံမှားသံသယထားလို့လည်းရပါတယ်

လူဆိုတာ ကိုယ်တိုင်စိုက်ပျိုးသလောက်တော့ ပွင့်ဝေကြတာပဲမဟုတ်လား

နောက်ဆုံးစကားကတော့

ခင်ဗျားရဲ့မျက်လုံးတွေကို မှိတ်လိုက်ပါ

ခင်ဗျား တစ်ရပ်စာအမှန်တရားကို တွေ့ရပါလိမ့်မယ်

ဘိုင့်ဘိုင့် ၀ိဥာဉ်ရေ . . .

 

လကွယ်

In: ကဗျာ Posted By: Date: Mar 6, 2012
Comment #1

ခင်ဗျားက အချိန်ဖြုန်းသူလို့ ပြောချင်နေတယ်မဟုတ်လား (ပြောချင်တာကိုပွင့်ပွင့်လင်းလင်းပြောပါ)
ကျွန်တော်တို့မှာ လူပြောသူပြောနည်းတဲ့ လူတေလေတွေရဲ့နားလည်မှုလည်းရှိတယ်
ဒါနဲ့ ခင်ဗျားရဲ့အသက်ရူသံတွေပြင်းနေပြီလား (နဲနဲလျော့ဗျာ)
ဒေါသဆိုတာ မျိုချရခက်တဲ့ လေးထောင့်ပုံလောက်စာလုံး
သုံးလိုက်တဲ့အခါတိုင်းထောင့်နေတယ်မဟုတ်လား

commentinfo By: kantkawmg at Mar 6, 2012
Comment #2

အောင်မြင်မှုကို ဆာလောင်မွတ်သိပ်မှုလည်းရှိတယ်

လူတွေကို ကူညီချင်စိတ်လည်းရှိတယ်

တိရိစ္ဆာန်တွေအပေါ် စာနာစိတ်လည်းရှိတယ် ပြီးတော့

အချိန်တွေလည်းရှိတယ် ထို့ကြောင့် ဆရာဖေမြင့်ရှိတယ်

ဆရာပီမိုးနင်းရှိတယ် ဆရာချစ်ဦးညိုရှိတယ်

commentinfo By: May Kha at Mar 6, 2012
Comment #3

အားပေးနေတယ်ဗျာ

commentinfo By: အသဲကွဲမိုး at Mar 7, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment