ယောက်ျားတွေရဲ့အသည်းမှာ အဆိပ်ရှိတယ်…
ရင်ဘတ်ဟောင်းလောင်းကြီးနဲ့
လျှောက်မသွားနဲ့………
မင်းရင်ထဲခံစားချက်မရှိဘူးဆိုတာ
အားလုံးသိပြီးသား……
မာယာပါးပါးလေးတော့
ဆောင်းသွားပေါ့……
မင်းနင်းထားတဲ့ ငါ့မာနတွေက
နေပူသိပ်မခံနိုင်ဘူး….
အသည်းစားဘီလူးမ ဆိုပြီး
ဂုဏ်ယူမနေနဲ့ဦး
အချစ်တွေအဆိပ်သင့်တဲ့တနေ့
မင်းဝဋ်လည်နေလိမ့်မယ်……..
မိုးရွာထဲလဲသိပ်မသွားနဲ့….
မင်းရဲသစ္စာတရားတွေ
နှာစေးနေတယ်မလား…
အတ္တပါးပါးလေးနဲ့ခြုံထားလိုက်ပေါ့…..
တကယ်တော့မင်းလမ်းပျောက်နေတာ
မင်းကိုယ်တိုင်တောင်သိရဲ့လား
ဆက်လျှောက်ပါ….
အသည်းကွဲခြင်းလမ်းဆုံးက
မင်းရဲ့ပန်းတိုင်ဖြစ်လိမ့်မယ်
တစ်ခုတော့သတိပေးလိုက်မယ်
……..
……….
………….
ယောက်ျားတွေရဲ့အသည်းမှာ
အဆိပ်ရှိတယ်နော်…………..
မင်းသိပ်မစားနဲ့…….။ ။
Comment #3
အသည်းကွဲခြင်းလမ်းဆုံးက
မင်းရဲ့ပန်းတိုင်ဖြစ်လိမ့်မယ်
By: May Kha at Aug 15, 2011
Comment #4
ကောင်းလိုက်တာဗျာ
တကယ်ထိတယ်။
အားပေးသွားတယ်ကိုလွမ်းနောင်
By: poem.poem28 at Aug 15, 2011
Comment #6
he,,he,,,
really nice thinking par.
but…………
1.u r lying urself.
2.u r not pleased to urself,
3.u r angry with urself.
b’coz she neglects u.b’coz she isn’t beside u.
in my opinion,,,,,
she might not notice ur real feeling.she even doesn’t know of u.
that’s why she can walk alone happily.
that’s why she can do as she like.
that’s why she can stay on her own,it isn’t totally concern with the pride u said.
being a royal woman,she should keep her dignity.
nevertheless,,,,i guess..
i m sure that u love her so so much.
although u feel angry,although u r fed up with her,,,u still worry her,care her,warn her.
By: ei lay at Aug 15, 2011
Comment #7
ရင်ဘတ်ဟောင်းလောင်းကြီးနဲ့
လျှောက်မသွားနဲ့………
မင်းရင်ထဲခံစားချက်မရှိဘူးဆိုတာ
အားလုံးသိပြီးသား……
အားပေးသွားတယ်…ဗျို့….ကိုလုလင်ငယ်သွေးပြောတာထောက်ခံတယ်….
အဆိပ်ပီးရုံတင်မကဘူး…..အဆိပ်ကိုကအစာဖြစ်နေတဲ့သူတွေရှိတယ်…..
(အားလုံးကိုမရည်ရွယ်ပါ…..အချို့အချို့သော……..)
By: terry at Aug 15, 2011
Comment #9
ကောင်းပါ့ဗျာ အားပေးသွားတယ်နော်
By: Village chat kyi at Aug 15, 2011
Comment #10
ရင်ဘတ်ဟောင်းလောင်းကြီးနဲ့
လျှောက်မသွားနဲ့………
မင်းရင်ထဲခံစားချက်မရှိဘူးဆိုတာ
အားလုံးသိပြီးသား……
မာယာပါးပါးလေးတော့
ဆောင်းသွားပေါ့……
မင်းနင်းထားတဲ့ ငါ့မာနတွေက
နေပူသိပ်မခံနိုင်ဘူး….
အသည်းစားဘီလူးမ ဆိုပြီး
ဂုဏ်ယူမနေနဲ့ဦး
အချစ်တွေအဆိပ်သင့်တဲ့တနေ့
မင်းဝဋ်လည်နေလိမ့်မယ်……..
မိုးရွာထဲလဲသိပ်မသွားနဲ့….
မင်းရဲသစ္စာတရားတွေ
နှာစေးနေတယ်မလား…
အတ္တပါးပါးလေးနဲ့ခြုံထားလိုက်ပေါ့…..
တကယ်တော့မင်းလမ်းပျောက်နေတာ
မင်းကိုယ်တိုင်တောင်သိရဲ့လား
ဆက်လျှောက်ပါ….
အသည်းကွဲခြင်းလမ်းဆုံးက
မင်းရဲ့ပန်းတိုင်ဖြစ်လိမ့်မယ်
တစ်ခုတော့သတိပေးလိုက်မယ်
ကျားဆိုတဲ.သတ္တ၀ါဟာ သားကောင်တစ်ကောင်ကိုမိ၇င်ဖမ်းစားမှာဘဲ
မိ၇င်အမြတ်မ၇ဘဲဘယ်တော.မှပြန်မလွတ်ဘူး
နောက်ဆုံးမှာတော.အရိုးတော.ချန်ထားစမြဲဘဲ
ယောက်ျားတွေရဲ့အသည်းမှာ
အဆိပ်ရှိတယ်နော်…………..
မင်းသိပ်မစားနဲ့…….။
By: အလွမ်းရှင် at Aug 15, 2011
Comment #11
ဟုတ်တယ်ဗျို့..အဆိပ်တွေ..နဲ့..အသည်း…ပိုင်ဆိုင်ထားသူတွေ
By: အသဲကွဲမိုး at Aug 15, 2011
Comment #12
i agree with ma a te kwe moe.
By: ei lay at Aug 15, 2011
Comment #13
အသည်းမှာ အဆိပ်ရှိသည်တဲ့ …(အသည်းအဆိပ်သင့်နေသူများပေါ့ )
ကဗျာလေးကတော့ အရမ်းကောင်းပါတယ်..
By: နတ်သမီး at Aug 16, 2011
Comment #14
A sate tway ko Nout ta khout htet pi khan sarr twar par de shin
<3
<3
By: ei lay at Oct 13, 2012




Comment #1
ယောက်ျားတွေရဲ့အသည်းမှာ
အဆိပ်ရှိတယ်နော်…………..
မင်းသိပ်မစားနဲ့…….