Professional Authors

အဲ့ဒီလိုမျက်လုံးမျိုးနဲ့မကြည့်ပါနဲ့ (သက်ထွေး)

အဲ့ဒီလိုမျက်လုံးမျိုးနဲ့မကြည့်ပါနဲ့။

ကျွန်တော်ဟာ ..
ကိုယ့်ကိုယ်ကို ပြန်မျှားနေတဲ့ ငါး …
ခြေရာ ဖွက်မထားနိုင်တဲ့ ကျား …
ဣထိယ ဒဏ်သင့်နေတဲ့ ပျား …

မြူကိုနှင်းထင်ရလောက်အောင်
ဖြူစင်ခြင်းဟာ မှော်ဆန်လွန်းလှချည်ရဲ့။

ပြောပါ …
ရိုးသားခြင်းဆိုတာ
ပိုးကျများတဲ့ သစ်သီးလို့
ကျွန်တော့်ကို  ပြောပါ ..

ကိုယ်ကျင့်တရား လှိုက်စားသွားသည်အထိ  …
ဆင်ခြင်တုံတရား ဖောက်စားခံလိုက်ရသည်အထိ …
ကရုဏာတရား ရိတ်သိမ်းထားခံလိုက်ရသည်အထိ …
ကျွန်တော် ယုံကြည်သွားပါစေ။

ပတ်ဝန်းကျင်မှာ
တကယ်လိုနေတာ ရာသီဥတု ..

အင်္ကျီလက်တိုနဲ့
ကျန်းမာရေးကို
စိန်ခေါ်ခဲ့ ..

ကျွန်တော် ချောင်းမှန်မှန်ဆိုးချင်ပြီ။

ဘောင်းဘီအိတ်ထဲ လက်ထည့်
တစ်နေရာထဲကိုအကြာကြီး ငေးတတ်လာတာကစ …
တစ်နေရာမှာ တစ်ကိုယ်ရည် ဖြောင့်ချက်တွေ စီစီရီရီချခင်း
နောက် ဘယ်သူမှမသိခင် တိတ်တိတ်လေး
သွားပြန်ကောက်တတ်လာသည်အထိ  …

ပြောင်းလဲမှုအပေါ်
ကျွန်တော် အလွန်အကျွံ လက်ခံလွယ်ခဲ့တယ်။

ယောက်ျားတစ်ယောက်အတွက်
အနည်းဆုံး နှစ်ခါပြန်ခုန်ချနိုင်မယ့်
အလျှံပယ်မြစ်တစ်မြစ်တော့ ရှိသင့်တယ်မဟုတ်လား။

အဲ့ဒီလိုမျက်လုံးမျိုးနဲ့မကြည့်ပါနဲ့။

သက်ထွေး
၁၂ ရက် ဖေဖေါ်ဝါရီ ၂၀၁၁ နေ့လည် ၁း၄၀

In: ကဗျာ Posted By: Date: Feb 18, 2011
Comment #1

ကြည့်ပလိုက်တယ် “ကဗျာလေးက ကောင်းလိုက်တာ” ဆိုတဲ့ မျက်လုံးမျိုးနဲ့ ကို လုံးဝကြည့်ပလိုက်တယ်.. အခေါက်ခေါက် အခါခါကို ကြည့်ပလိုက်တယ်..
(((((((((((:

ကျွန်တော်ဟာ ..
ကိုယ့်ကိုယ်ကို ပြန်မျှားနေတဲ့ ငါး …
ခြေရာ ဖွက်မထားနိုင်တဲ့ ကျား …
ဣထိယ ဒဏ်သင့်နေတဲ့ ပျား …

မြူကိုနှင်းထင်ရလောက်အောင်
ဖြူစင်ခြင်းဟာ မှော်ဆန်လွန်းလှချည်ရဲ့။

ပြောပါ …
ရိုးသားခြင်းဆိုတာ
ပိုးကျများတဲ့ သစ်သီးလို့
ကျွန်တော့်ကို ပြောပါ ..

ဘောင်းဘီအိတ်ထဲ လက်ထည့်
တစ်နေရာထဲကိုအကြာကြီး ငေးတတ်လာတာကစ …
တစ်နေရာမှာ တစ်ကိုယ်ရည် ဖြောင့်ချက်တွေ စီစီရီရီချခင်း
နောက် ဘယ်သူမှမသိခင် တိတ်တိတ်လေး
သွားပြန်ကောက်တတ်လာသည်အထိ …

အဲဒီအပိုဒ်လေးက စိတ်မကောင်း ဖြစ်သွားစေပေမယ့် အရမ်းကိုကောင်းတဲ့ အပိုဒ်လေးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

“ဘောင်းဘီအိတ်ထဲ လက်ထည့်
တစ်နေရာထဲကိုအကြာကြီး ငေးတတ်လာတာကစ …”
အဲဒါလေးကို ငေးပြီး ဖတ်သွားတယ်..ပြီးတော့ cm တင်ပလိုက်တယ် အကြာကြီးကို…

ကဗျာတစ်ခုလုံးက လုံးဝ အတည်ကို cellent cellent excellent like no other..

commentinfo By: ဖြိုးဖြိုး at Feb 18, 2011
Comment #2

ပြောပါ …
ရိုးသားခြင်းဆိုတာ
ပိုးကျများတဲ့ သစ်သီးလို့
ကျွန်တော့်ကို ပြောပါ ..

ကိုယ့်ကျင့်တရား လှိုက်စားသွားသည်အထိ …
ဆင်ခြင်တုံတရား ဖောက်စားခံလိုက်ရသည်အထိ …
ကရုဏာတရား ရိတ်သိမ်းထားခံလိုက်ရသည်အထိ …
ကျွန်တော် ယုံကြည်သွားပါစေ။

commentinfo By: ရွှေငါး at Feb 18, 2011
Comment #3

ဘောင်းဘီအိတ်ထဲ လက်ထည့်
တစ်နေရာထဲကိုအကြာကြီး ငေးတတ်လာတာကစ …
တစ်နေရာမှာ တစ်ကိုယ်ရည် ဖြောင့်ချက်တွေ စီစီရီရီချခင်း
နောက် ဘယ်သူမှမသိခင် တိတ်တိတ်လေး
သွားပြန်ကောက်တတ်လာသည်အထိ …
……………………….အရမ်းကောင်းလို့ comment ပေးဖြစ်သွားသည်။။။။။။

commentinfo By: အသဲကွဲမိုး at Feb 18, 2011
Comment #4

ကျွန်တော်ဟာ ..
ကိုယ့်ကိုယ်ကို ပြန်မျှားနေတဲ့ ငါး …
ခြေရာ ဖွက်မထားနိုင်တဲ့ ကျား …
ဣထိယ ဒဏ်သင့်နေတဲ့ ပျား …

မြူကိုနှင်းထင်ရလောက်အောင်
ဖြူစင်ခြင်းဟာ မှော်ဆန်လွန်းလှချည်ရဲ့။

commentinfo By: anatyong at Feb 18, 2011
Comment #5

ဒီချာတိတ်
တစ်ကယ့်ကဗျာလမ်းကြောင်းပေါ်ရောက်နေတယ်
ကောင်း၏

commentinfo By: ဆရာကြီး at Feb 18, 2011
Comment #6

ပထမဆုံး ၀င်ရောက်ဖတ်ဖြစ်တဲ့ ကဗျားလေး ကို သေသေချာချာ ကြည့်ခဲ့တယ် ။။။
ဒါပေမယ့် …
ခင်ဗျား မကြိုက်တဲ့ မျက်လုံးမျိုးနဲ့တော့ မဟုတ်ခဲ့ဘူး။။။။
လေးစားစွာဖြင့်

commentinfo By: tapotawe at Mar 15, 2011
Comment #7

ကလောင်ရှင် သက်ထွေး ကဗျာတွေကြိုက်လွန်းလို့
ကူးပြီး facebook မှာ တင်ထားမိပါတယ်
ရေးသူနာမည်ပါ ထဲ့ပြီး ကူးထားခြင်းဖြစ်ပါသည်။
အရမ်းကြိုက်လို့ဖြစ်ပါတယ်……ခွင့်လွတ်ပေးပါ (:

commentinfo By: chocolate at Aug 21, 2011
Comment #8

a yann mike de.

commentinfo By: ei lay at Jan 23, 2013
Comment #9

ကောင်းလိုက်တာတွေများလို့ ရိုးသွားရင်လည်း ရိုးပါ.. ကဗျာလေးတကယ်ကောင်းတာဘဲရှင်

commentinfo By: ရင်ဝှက်ပန်း at Jan 23, 2013
Comment #10

So so nice

commentinfo By: ei lay at Jan 25, 2013
Comment #11

ဟင် စွပ်စွပ်စွဲစွဲ သူကြီးရယ်။ ဒီရုပ်ကြီးကို ယောင်လို့တောင် မကြည့်ပါဘူး။ 😛
ချတာပါဂျာ ရေလည်ဂျွတ်တယ် သူကြီး။ ကျုပ်နီးနီး တော်လာပြီ။ ဟိဟိ
တော်တော် ကောင်းတယ်ဗျ ( ဒါက အတည်ပြောတာ ) ။ နောက်တကြိမ်ပြီး တကြိမ် ထပ်ဖတ်ဖြစ်ပါတယ်။

commentinfo By: ChIr0N at Jan 25, 2013
Comment #12

အင်္ကျီလက်တိုနဲ့
ကျန်းမာရေးကို
စိန်ခေါ်ခဲ့ ..

ကျွန်တော် ချောင်းမှန်မှန်ဆိုးချင်ပြီ။
လန်းဘိ ဆန်းဘိဗျာ စာသားက ~~

လေးစားစွာဖြင့်
ရေး

commentinfo By: X - ray at Jan 25, 2013
Comment #13

ဘောင်းဘီအိတ်ထဲ လက်ထည့်
တစ်နေရာထဲကိုအကြာကြီး ငေးတတ်လာတာကစ …
တစ်နေရာမှာ တစ်ကိုယ်ရည် ဖြောင့်ချက်တွေ စီစီရီရီချခင်း
နောက် ဘယ်သူမှမသိခင် တိတ်တိတ်လေး
သွားပြန်ကောက်တတ်လာသည်အထိ …

ပြောင်းလဲမှုအပေါ်
ကျွန်တော် အလွန်အကျွံ လက်ခံလွယ်ခဲ့တယ်။

Nice !!

commentinfo By: blur at Mar 9, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment