Professional Authors

မေးခွန်း(မင်းလူန)

အချစ်ဆိုတာ
အနည်းဆုံးဘာမှဖြည့် စွတ်စရာမလိုတဲ့ 
ပန်းချီတစ်ချပ်ဆိုရင်
ခင်ဗျားမှာ
အနာပညာဆန်တဲ့ မျက်လုံးတော့ ရှိသင့် တယ်
ဒီပြသနာမှာ
လူတိုင်းကျကွဲခဲ့ တဲ့ မနက်ဖြန်ဆိုတာ
မျော်လင့် ချက်တစ်ခုရဲ့ 
အပိုင်းအစလောက်တော့ 
တန်ပြန်သက်ရောက်လာမှာပဲ
……………………..
နားမလည်အောင်ရေးထားတဲ့ 
ခံစားချက်တွေကို
နားလည်ဖို့ ကြိုးစားရင်
နားလည်စွာလမ်းခွဲခဲ့ ရသူနှစ်ယောက်ရဲ့ ရင်ဘတ်ကို
အနည်းဆုံးချစ်ခြင်းကနားလည်မှာပါ
…………………………
ကဲ
ဒီပြသနာမှာကဗျာရေးတဲ့ သူကိုယ်တိုင်က
ချစ်ခြင်းကိုနားမလည်သေးတဲ့ 
နံရိုးတစ်ချောင်သာသာလောက်သဘောထားခဲ့ ။
………………………….
အချစ်ညီမျှခြင်း
ဘာလဲဆိုတဲ့ စာတမ်းနဲ့ 
ကိုယ့် ဘာသာလူတွင်ကျယ်လုပ်ခဲ့ မိသူမို့ 
အသဲ
……………
……………အကြိမ်ကြိမ်
ဝုန်း………ဂွမ်း
……………
……………
ဒီပြသနာမှာ
အချစ်ကိုဘာလဲလို့ မေးထားတယ်။

               မင်းလူန

In: ကဗျာ Posted By: Date: Oct 11, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment