မေးခွန်းများကိုဖြေပါ
သူချစ်ကို ကျတော်ရဖူးတယ်
အချစ်စစ်ကိုလည်း ကျတော်ကြုံဖူးတယ်
ဘာသာမတူ၊ လူမျိုးကွဲ
စတဲ့ စကားလုံးတွေမှာ ကျတော်တို့ နှုတ်ဆိတ်ခဲ့ကြတယ်
နှလုံးသားမှာ တံဆိပ်နှိပ်ကြလို့
အဲဒီသက္ကာရာဇ်မြို့ဟောင်းမှာ မြုပ်ပစ်ခဲ့ကြတယ်
အရှေ့နဲ့အနောက်၊ တောင်နဲ့မြောက်
စတဲ့ဆန့်ကျင်ဘက်အရပ်တွေကို ကျောခိုင်းပြီးထွက်ခဲ့ကြတယ်
တယောက်တနေရာဆီနေထိုင်ရင်း
ဒီမြို့သစ်မှာ မွန်းကြပ်စွာနဲ့ အသက်ရှင်ခဲ့ရတယ်
ငါကရှေးဟောင်းပစ္စည်းကို မြတ်နိုးသူ
တစုံတယောက်ရဲ့ တူးဖော်မှုကြောင့်
ငါ့နှလုံးသားကို ပြန်ရပြီ
ဟိုးတုန်းက ငါ့ကိုချစ်တဲ့သူ
အခုတော့ ငါကချစ်နေရသူ
သူတို့နှစ်ယောက်ရဲ့ တူညီချက်
ငါ့ရဲ့ ကွဲလွဲချက်
ဒီလို ဇာတ်လမ်းမျိုးမှာ
ငါ့အတွက် အဆုံးသတ်က ဘာလဲ။
ကိုယ်ချစ် သူချစ် ဘာကွာသလဲ။
အချစ်စစ်ဆိုတာကရော ဘယ်မှာလဲ။
Comment #2
Goodd dal byoe…………/
By: ဇော်သက်ဦး(Ayatekalay) at Oct 6, 2011
Comment #3
ကိုလမင်းရေ….အချစ်ဆိုတာချစ်နေဖိုပဲလိုတာပါနော်……..
By: May Kha at Oct 6, 2011
Comment #4
ဘယ်လိုပြောရမလဲ မသိဘူး ကိုလမင်းပိုင်ရ…
အားပေးသွားပါတယ်။
By: poem.poem28 at Oct 6, 2011
Comment #5
အချစ်ဆိုတာက
ကိုယ်နားလည်သလို ဘာသာပြန်လို့ရတဲ့ အရာမဟုတ်တာတော့သေချာတယ်
အားပေးသူအားလုံးကိုကျေးဇူးတင်လျှက်
By: laminpaing at Oct 6, 2011
Comment #8
ကိုယ်ချစ်ဖြစ်ဖြစ် သူချစ်ဖြစ်ဖြစ် တစ်ဖက်သတ်ဆိုရင်တော့ နာကျင်ရတာချည်းဘဲဗျာ ကဗျာကောင်းတစ်ပုဒ်ဘဲ အားပေးသွားတယ် ။
By: X - ray at Oct 7, 2011
Comment #11
အားပေးသွားပါတယ်နော်…..
By: သမီး at Oct 8, 2011
Comment #12
ho tone ka ngar ko chit de thu.
a khu dot ngar ka chit nay ya de thu.
thu doe 2 yout ye tu nyi chat
ngar ye kwe lwe chat….
answer is simple.
everything is up to u.
By: ei lay at Nov 16, 2011




Comment #1
အချစ်စစ်ဆိုတာကရော ဘယ်မှာလဲ။…။