Professional Authors

“နှစ်မျက်နှာနဲ့ လူ …”

အနမ်းကဝေတွေကို လက်သင့်ခံဖို့
ငါ့မှာ ရင်ခွင်နှစ်စုံမရှိဘူး …
ဒါပေမဲ့ …
ငါ့ညတွေမှာ ကြယ်မဝေတော့ …
လမင်းတောင် မသာတဲ့အခါ …
ငါ့ကိုယ်ငါ …
ကိုယ့်လိပ်ပြာကိုယ် ပြန်ကြောက်ရွံ့သွေးပျက်နေမိတယ် …

လမ်းတွေဟာ အရင်ထက်ပိုပြီး …
အသည်းကွဲသမားတစ်ယောက်လို
ခြောက်သွေ့အထီးကျန်ဆန်လာတယ် …
မသာတော့တဲ့ နေတစ်စင်းဟာ …
ဝမ်းပိတ်နေတဲ့ လူတစ်ယောက်လို နှုန်းချိနေတော့တယ် …

သန်းခေါင်ဆိုတဲ့ အဓိပ္ပာယ်ဟာ …
မိုးကြိုးမချုန်းဘဲပစ်ချထားတဲ့ အစိမ်းသေတစ်ကောင်လို …
မည်းတူးဆိတ်ငြိမ်နေတယ် … လို့
အဓိပ္ပာယ်ပြည့်စုံလာတယ် …
ငါက …
ပြူးတူးပြဲတဲထိုင်လို့ပေါ့လေ …
သန်းခေါင်ဆိုတာကို အဓိပ္ပာယ်သီကုံးတတ်သွားတယ် …

(၂)

ငါ့ကို တွယ်ကပ်သူနဲ့ …
ငါ့က တွယ်ကပ်သူနဲ့ …
စကားတွေက ပင်လယ်ပြင်ထက်ကို
မာယာများလာတယ် …

ငါ့ကို မျှော်ကြည့်တဲ့ သူနဲ့ …
ငါက မျှော်ကြည့်တဲ့ သူနဲ့ …
ရင်ခွင်ဟာ …
ပြဒါးတစ်လမ်း …
သံတစ်လမ်း …နဲ့
ကောင်းကင်လို တစ်စုတည်း မဟုတ်တော့ဘူး …
တိမ်တွေလို ကောင်းကင်တစ်ပြင်ကြီးထဲမှာပဲ …
အရပ်ရပ် … ရယ်လို့
တောင်တလမ်း၊ မြောက်တခြမ်း ကွာဝေးလာတယ် …

စိတ်ထဲမှာတော့ …
ရွာရိုးကိုးပေါက်အတွေးတွေနဲ့ …
ဗျာများနေဆဲ …
အကြည့်တွေထဲမှာလည်း …
အပြုံးနှစ်စင်းဟာ ခွာသံကိုယ်စီနဲ့
စီးချင်းထိုးနေကြတယ် …

ကဲ …
ဝဲယာနှစ်ဘက်စလုံးဟာ …
? တစ်ခုစီကို ဆုပ်ကိုင်ထားလျက် …
……………………….

In: ကဗျာ Posted By: Date: Jun 1, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment