Professional Authors

ဝှက်ဖဲ

ဝှက်ဖဲ

အလွမ်းတွေဖြတ်ပြေးသွားတဲ့
ရင်ခွင်ဟာ
တစ်ကြော့ပြန်ဆောင်းညတွေလို
ကဝေဆန်လွန်းတယ် .. .

ဘီလူးသရဲဖမ်းသလိုမျိုး
စူးစူးဝါးဝါး တူးတူးခါးခါးဆိုးသွမ်းတဲ့
အလွမ်းဆိုတာက
အသွားစမ်းထိကြည့်မှ ချွန်ထက်မှန်းသိခဲ့သလို
ဘယ်ပုံဘယ်လိုဆိုတာ
ပြောစရာမရှိ .. .

ထိရှမိတဲ့ ရင်ခွင်
ညီမလေးမမြင်အောင်
ငါ့သံယောဇဉ်တွေကို
ဝှက်
ထား
လိုက်
တယ် ။

ကိုချို

In: ကဗျာ Posted By: Date: Dec 2, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment