Professional Authors

စက်တင်ဘာ

 

နှင်းစက်သံတွေ ငါ ကြားတယ်

နင် လာ ပြီ ပေါ့ ဆောင်း ရယ် ။

 

မှုန်ရီဝိုးတ၀ါး အတိတ်ကို

မှန် ကာ မယ် ၊

 

စိုစွတ်တဲ့လမ်းမတွေကို

နေရောင်ဖြိုးတစ်ဖျောက်နဲ့

အလှဆင်မယ် ၊

 

ဆောင်းရယ်… ဆောင်းရယ်

 

မျှော်လင့်ချက် အိမ်မက်အစကို

နိုးထစေတယ်။

 

ရင်ခုန်မြန်တဲ့ငါ့နှလုံးကို

အေးခဲစေတယ်

 

နင် ဟာ အလှတစ်ပါး

နင် ဟာ သစာရှင်

နင် ဟာ အရာရာ…

နင် လာပြီး ပြန်သွား

အဲ့ါ အမှန်တရား ။

Comment #1

ဆောင်းနှင်းကို..ဖွဲ့ကျူးထားတာ..တကယ်goodတယ်ဗျာ

commentinfo By: poem.poem28 at Sep 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment