Professional Authors

တူးဖော်ကြည့်ခြင်း (မိုးဇက်)

ဟုတ်တယ်။
ငါဟာနင်ပြောသလိုပဲ
ဟောလီးဝုဒ်ဆိုလည်းမသိ
ဘောလီးဝုဒ်ဆိုလည်းမသိ
တောစီးဘုရှ်ကိုပဲသိတဲ့ကောင်
ဘ၀ကမည်းမှောင်ခ
ချောင်တချောင်မှာနေရာကျတယ်။

ရွေးချယ်ပါ…
နင့်စိတ်ကြိုက်ရွေးချယ်လိုက်ပါ
ဘ၀မှာဒဏ်ရာဗလပွနဲ့လူ
နင်သိပ်လည်းစိတ်ပူစရာမှမရှိဘဲ
ဒီလိုပဲ အနည်ထိုင်သွားမှာဆိုတော့…….

နင့်ဘ၀ခမ်းနားဖို့
ငါ့ကမ်းပါးပြိုကျချင် ကျစမ်းပါစေ
လေနှင်ရာကိုရွက်လွှင့်
ငါဟာ.. သေဆုံးနှင့်ပြီးသားဆိုတော့လဲ…….

In: ကဗျာ Posted By: Date: Sep 24, 2012
Comment #1

ကိုမိုးဇက်…
ကဗျာလေးက goodတယ်ဗျ
အားပေးသွားပါတယ်

commentinfo By: poem.poem28 at Sep 24, 2012
Comment #2

သေဆုံးပြီးသားလူတစ်ယောက်ကို အသက်ပြန်ဝင်စေချင်ပါတယ်ရှင်
အချစ်အတွက် … တကယ်လေးစားမိပါတယ်
အရေးအသားတွေကြိုက်တယ်

commentinfo By: maypyo.pyomay at Sep 24, 2012
Comment #3

နင့်ဘ၀ခမ်းနားဖို့
ငါ့ကမ်းပါးပြိုကျချင် ကျစမ်းပါစေ
လေနှင်ရာကိုရွက်လွှင့်
ငါဟာ.. သေဆုံးနှင့်ပြီးသားဆိုတော့လဲ

commentinfo By: MYM at Sep 25, 2012
Comment #4

ကိုမိုးဇက်ကြီး ဘာတွေဖြစ်နေသလည်းဗျာ

ကဗျာကောင်းလေးပါ
ကျွန်တော်အားပေးနေပါတယ.်

commentinfo By: အသဲကွဲမိုး at Sep 25, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment