Professional Authors

ရက်စက်တယ် ..

စွဲလမ်းမိတဲ့ အချစ်ကို ကိုးကွယ်လို့
ရူးမိုက်မှု အကုန်လုံး မျက်စိမှိတ် လက်ခံခဲ့ရ
ငါရဲ့ မိုက်မဲမှုတွေ ပြိုင်ဘက်ကင်း စံချိန်တင်
ချစ်ခရီးရဲ့ လမ်းဆုံးကို နာကျင်မှုတွေနဲ့ ရောက်အောင်လျှောက်
လမ်းဆုံးရောက်မှ ရင်ဝကို ပိတ်ကန်ခဲ့တဲ့ချစ်သူကို
အခုထိ ဦးထိပ်ထားနေဆဲပါ ..
ငါဟာ မင်းထိုးတဲ့ နဖားကြိုးမှာ ပျော်မွေ့နေဆဲ
မင်းပေးတဲ့ ဂုန်နီအိတ်လေးကို ခြုံအိပ်နေဆဲ
ကွယ်ရာမှာ
ဒီကောင်မလေးက ငနုံပါလို့
မင်းပြောနိုင်ပါတယ် ..
ဟုတ်ပါတယ် ..
ငါဟာ တကယ်ကို
အသုံးမကျတဲ့ ငနုံ ငအ ငတုံး
အူကြောင်ကြောင် ကောင်မလေးပါ ..
ဒါပေမယ့်
ငါနွားဖြစ်ဖို့ ချိုကို ငါဘဲစိုက်ခဲ့တာ
ငါနဲ့ ငါက လွဲပီး ဘယ်သူနဲ့ ဘယ်သူက
သိနိုင်မှာလဲ ..

ဘာကြောင့်မှန်းမသိ ……. အရမ်းရက်စက်တဲ့ သူ့ကို
ဘာကြောင့်မှန်းမသိ …… အရမ်းချစ်ဆဲ

!_!

In: ကဗျာ Posted By: Date: Sep 19, 2012
Comment #1

it’s b’Coz of reflections.

commentinfo By: ei lay at Sep 24, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment