Professional Authors

တောက်ခေါက်မြွေ

တွင် စမ်းပါစေ ဒီရာဇ၀င်

မင်းကြောင့် ငါ့ကြောင့်

ဘယ်သူကြောင့် ဘယ်ကောင်ကြောင့်ရယ်လို့

တလုံး မထွက်ဘူး

သမိုင်း အစထဲကိုက

မဖွဲ့နွဲ့ တာ ငါ့ ၀ါသနာ

ခုမှတော့ ထူးပီး

နုမနေဘူး

 

မာတိကာလှအောင်

ငါ့ ဆန္ဒတွေ

သေပေးခဲ့ရပီးပီ

စာကိုယ်မှာရော

ရာဇ၀င်မှာရော

ဆန္ဒတွေ.ဖျပ်ဖျပ်လူးနေစေရမယ်

 

ဆေးစက်ကျရာ အရုပ်တော့

ထင်ချင်ထင်မယ်

ထင်ကောင်းထင်မယ်

ဒါပေမဲ့ဘီလူးရုပ်

 

ဒဿ လို အာဠာဝက လို

အဲသလို အဲသလို

စံတင် အောင် နာမည်မကြီးပေမဲ့

မုန်းသူတွေကြားမှာ

ပြုံး နေနိုင်ပါသေးတယ်

ပီးတော့

သိပ်……………..

………ချစ်

တတ်………

။။။။။။။သေးတယ်။။။

 

ဟုတ်တယ်

 ဟုတ်ပါတယ်

ငါမြွေ ….ငါကမြွေ

ဒါပေမဲ့ လေမချွန်ဘူး

တောက်ခေါက်တယ်..။။။။။။။။။

In: ကဗျာ Posted By: Date: Aug 19, 2011
Comment #1

ဟုတ်တယ်

ဟုတ်ပါတယ်

ငါမြွေ ….ငါကမြွေ

ဒါပေမဲ့ လေမချွန်ဘူး

တောက်ခေါက်တယ်..။။။။။။။။။

commentinfo By: အသဲကွဲမိုး at Aug 19, 2011
Comment #2

တောက် !!!!!!

commentinfo By: moehtetaung18 at Aug 19, 2011
Comment #3

I like your poem.I think that is heartbroken poem.And u?

commentinfo By: khayay at Aug 19, 2011
Comment #4

ဆေးစက်ကျရာ အရုပ်တော့

ထင်ချင်ထင်မယ်

ထင်ကောင်းထင်မယ်

ဒါပေမဲ့ဘီလူးရုပ်

commentinfo By: May Kha at Aug 19, 2011
Comment #5

သမိုင်း အစထဲကိုက

မဖွဲ့နွဲ့ တာ ငါ့ ၀ါသနာ

ခုမှတော့ ထူးပီး

နုမနေဘူး…
ကြိုက်တယ်ဗျာ..

commentinfo By: phyowai at Oct 9, 2011
Comment #6

ကြိုက်တယ်ဗျာ
မိုက်တယ်
အားပေးပါတယ်

commentinfo By: mgchannaye at Oct 9, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment