Professional Authors

သူတစိမ်း

ကျွန်တော်……….
ဘာမှ မကျန်တော့လောက်အောင်
ချစ်မိသွားပြီ ထင်ပါရဲ့ဗျာ။ ။

ဒါပေမယ့်…………
 မျိုသိပ်ရတာ အကျင့်ပါနေတော
့ ကျွန်တော်ချစ်တာကို သူသိအောင်
 ဖွင့်မပြောတတ်တဲ့အခါ
 သူ့အမုန်းတွေကိုလည်း မခံယူချင်ဘူး။     ။

မုန်းမေ့တာ မဟုတ်လို့
ကျွန်တော် ‘သူ’ ဆိုတာကို
ဘယ်သူမှန်း မသိအောင်
မေ့နိုင်စွမ်းပါ့မလား။     ။

ကျွန်တော်အတွက်……
“ချစ်တယ်”ဆိုတာက
သူပျော်တာ အမြဲ
 မြင်နေတွေ့နေချင်ရုံ
ဆန္ဒတစ်ခု သက်သက်ပါ။    ။

ချစ်မိသူဆိုတာ……
လေးတင်မိသော်လည်း ပစ်လွှတ်ဖို့
တွန့်ဆုတ် မ၀ံရဲသူလား
ဒီလိုနဲ့ပဲ… မြားတစ်လက်
ပစ်မှတ်ကို မရောက်နိုင်တော့ဘူး။    ။

“မ၀ံရဲသူဟာ ကျရှုံးရမှာပါပဲ”
ဘယ်တော့မှ တောင်းဆိုမိမှာ
မဟုတ်တဲ့ အချစ်အတွက်
ဘာကိုမှ ရိုးမယ်မဖွဲ့ချင်တော့ပါဘူး
ငါ့အချစ်နဲ့ပါ့ ရှိပါစေတော့……
သူ…… တမင်စိမ်းတာ မဟုတ်ပေမယ့်
ကျွန်တော် ‘သူတစိမ်း’ အဖြစ်နဲ့ပဲ နေပါရစေတော့……။       ။

In: ကဗျာ Posted By: Date: Sep 15, 2012
Comment #1

Oh..oh

commentinfo By: ei lay at Sep 15, 2012
Comment #2

!!!!!!!! 🙁 !!!!!

commentinfo By: MYM at Sep 16, 2012
Comment #3

ဒီလိုနဲ့ပဲ… မြားတစ်လက်
ပစ်မှတ်ကို မရောက်နိုင်တော့ဘူး။ ။ ၇င်ထဲထိသွားတဲ့ကဗျာလေး

commentinfo By: moezat at Sep 16, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment