Professional Authors

ကျွန်တော့်မျိုးစေ့က ပွင့်တဲ့ပန်း

မြက်ရိုင်းပင်ကပွင့်ခဲ့ရတဲ့ပန်းပါနှင်းရယ်
အရောင်မလှ ရနံ့ မရှိ
နင့်အတွက်သက်သက်ရယ်လို့ ရည်စူးပြီးပွင့်ဖူးခဲ့တာပါ
ခြေဖျားလေးနဲ့ ခပ်ဆတ်ဆတ်လေးကန်ထုတ်
နင့်လမ်းမှာရှုပ်ထုပ်ဖြစ်နေခဲ့ရတယ်
(မရည်ရွယ်မိခဲ့ပါဘူးနှင်းရယ်…..)
တကယ်မရည်ရွယ်မိခဲ့ပါဘူး……………..
……………………………………………………..

အလေ့ကျပန်း နင့်အတွက်တော့အစွမ်းကုန်လန်းခဲ့ပါတယ်
 လေဒဏ် နေဒဏ် မိုးဒဏ်ကြားမှာဘယ်ညာနွဲ့ ယိမ်း
နင်ဘယ်လောက်စိမ်းစိမ်း
အဲဒီ့အမုန်းတွေ
ဒီရင်ထဲ အမြဲသိမ်းထားပါ့မယ်…..
………………………………………………………
……………………………………………..

နှင်းရယ်…….
…………………………………..
မြက်ရိုင်းပင်ကပွင့်ခဲ့ရတဲ့ပန်းပါ
…………………………………………………
နင်ဘယ်လောက်စိမ်းစိမ်း
………………………………………….
ဒီရင်ဘတ်ထဲ….
……………………………….
……………………………………………………………………

လေဒဏ် နေဒဏ် မိုးဒဏ်ကြားမှာဘယ်ညာနွဲ့ ယိမ်း
……………………
……………………………………………..
……….
မြက်ရိုင်းပင်သေးသေးလေးကပွင့်ခဲ့ရတဲ့ပန်းပါ နှင်းရယ်
နင်ဘယ်လောက်စိမ်းစိမ်း
ငါ့ကို
…..
……………………………………………………
အဲဒီ့အမုန်းတွေ
သိမ်း…………………………………………
ထား……………………….    
ခွင့်……               
ပြု….       
ပါ…
……………………..။         ။
                                                        မိုးထက်အောင်

In: ကဗျာ Posted By: Date: Dec 9, 2010
Comment #1

သိမ်းမထားနဲ့ … ဖွင့်အန်ထုတ် … ဒါမှကဗျာတွေဖြစ်လာမှာ 😀

commentinfo By: moezat at Dec 9, 2010
Comment #2

ဖွင့်အန်ထုတ်လိုက်ရင်သူမကြိုက်မှာစိုးလို့ ပါဗျာ
ကျွန်တော့်ချစ်သူလေးကိုအားနာလို့ ပါ အစ်ကိုတော်မိုးဇက်ရေ…….

commentinfo By: moehtetaung18 at Dec 9, 2010
Comment #3

အားနာမနေနဲ့ထုတ်သာထုတ်..ဒီမှာထုတ်ချင်တာတောင်ထုတ်စရာမရှိလို့ …… 😛

commentinfo By: ရွှေငါး at Dec 10, 2010
Comment #4

အစ်ကိုရွှေငါးနဲ့  အစ်ကိုဇာတိကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ…
သြော်…အစ်ကိုဇာတိရေ…ကျွန်တော် 35 ကိုလာလည်သေးတယ်ဗျ ၀င်လို့ မရဘူးအစ်ကိုရဲ့

commentinfo By: moehtetaung18 at Dec 10, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment