Professional Authors

အချိန်ဆိုတာ

အချစ်ဆိုတာ
ခါးသီးတဲ့
အဆိပ်သီး
သိသိရက်နဲ.
ဆွတ်ခူးချင်
ဝင်မယ်မကြံ
ကျွံမိတဲ့ ခြေလှမ်း
လွန်ကုန်ပြီ
သိပ်ချစ်တယ်
ဘာလို.ချစ်သလဲ
မမေးနဲ.
ငါ့ကိုယ်ငါတောင်
မူးပြီး
ကမ္ဘာပြိုနေတယ်…..
ကြည့်မိတဲ့
အာမိုမြေသြဇာဆိုင်းဘုတ်
ချာချာလည် မူးနောက်နေတာ
မြင်ကွင်းတွေကို အမျက်ရှ
ဒီအချိန် အိပ်ဆေးမလို
အိပ်ပျော်ဖိုး အကောင်းဆုံးအချိန်ပဲ….
ငါ့အဝေးမှာ နင်ရှိတယ်
မလာနိုင်မှန်းသိရက်
တဇွတ်ထိုးမျှော်……
သေပြီ
ငါသေပြီ
အရက်နွံထဲမှာ
နစ်ရင်း နစ်ရင်း
သေပြီ
အရက်နောက်မသောက်ဖို.
ဘာကိုတောင့်တ မျှော်နေရမလဲ……
မူးပေမယ့်လည်း
မေ့မရခဲ့ဘူး
အမူးပြေဖို. ရွှင်လန်းဖို.
အချိန်တစ်ချိန်ထိရောက်အောင်
အော့အန်ခြင်းဆိုတဲ့
ဝေဒနာကို ထပ်မံ
ဖြတ်သန်းရဦးမယ်
ခံရတော့ သိပ်ခက်မှာသိတယ်…..
ချစ်တယ်ချစ်တယ်
တဖွဖွ မပြောချင်တော့ဘူး
မယုံရင် စောင့်ကြည့်နေ
အချိန်ဆိုတာ သက်သေတစ်ခုပေါ့
ကောင်မလေး….။ ။

In: ကဗျာ Posted By: Date: Aug 7, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment