Professional Authors

သူငယ်ချင်း ပုံပြင်

အထိတ်တလန့် ပြေးသွားတဲ့လမ်းမှာ
ကျကျန်နေခဲ့တဲ့   အော်သံလို့ပဲ
ငါ့ ကို  သဘောထားလိုက်စမ်းပါကွာ

မှားနေတဲ့ မေးခွန်းကို စဉ်းစားနေစရာမလို
ဆွံ့အ ပါးစပ်ထဲက စကားလုံးများကို ရှာဖွေစရာမလို
သီးသန့်အခန်းထဲ ၀ိဥာဉ်ကို တွေ့မိစရာမလို
တကယ်ဆိုရင်
နောက်ဆုံး ဆိုတဲ့ စကားကိုတောင် အသုံးပြုနေစရာမလိုပါဘူးလေ

ငါဟာ အလိုလို ပြိုကျနေတဲ့ ကမ်းပါး
အလိုလို ချိနဲ့နေတဲ့   သစ်ပင်
အလိုလို ကုန်ဆုံးနေတဲ့  ပြကခဒိန် တစ်ရွက်ပါ

ငါ့နားမှာ  စမ်းချောင်းမရှိ လှေမရှိ
ငါ့နားမှာ တံတားမရှိ လမ်းမရှိ
ငါ့နားမှာ ခိုနားရာမရှိ နေရာမရှိ

သစ်ရွက်တစ်ရွက်နဲ့  အရိပ်ကိုမရနိုင်
ငါဟာ ဘာမှ မဖြစ်မြောက်ခဲ့တဲ့
ရုပ်နာမ်ပါ
ဒါကို မင်းသိပါတယ်

သွေးအေးလွန်းတယ်လို့လည်း မထင်ပါနဲ့
တကယ်တော့
ဒီဇာတ်လမ်းမှာ
ငါ သေဆုံးနေနှင့်တာပါ။

In: ကဗျာ Posted By: Date: Sep 14, 2012
Comment #1

သွေးအေးလွန်းတယ်လို့လည်း မထင်ပါနဲ့
တကယ်တော့
ဒီဇာတ်လမ်းမှာ
ငါ သေဆုံးနေနှင့်တာပါ။

like this

commentinfo By: MYM at Sep 14, 2012
Comment #2

နောက်ဆုံး ဆိုတဲ့ စကားကိုတောင် အသုံးပြုနေစရာမလိုပါဘူးလေ…..

တကယ်ဆိုရင်
ငါဟာ အလိုလို ပြိုကျနေတဲ့ ကမ်းပါး
ငါ့နားမှာ ခိုနားရာမရှိ နေရာမရှိ……..

နင့်ဘ၀ခမ်းနားဖို့
ငါ့ကမ်းပါးပြိုကျချင်ကျစမ်းပါစေ
ဒီအဖြူရောင်ဇာတ်လမ်းမှာ
ငါ.. သေဆုံးနှင့်ပြီးသားပါ။

commentinfo By: moezat at Sep 16, 2012
Comment #3

ကျွန်တော့်အနေနဲ့ ပြောရရင်
ခေါင်းစဉ်က အရမ်းပွင့်နေတယ်

တကယ်တော့
ဒီဇာတ်လမ်းမှာ
ငါ သေဆုံးနေနှင့်တာပါ
ကဗျာကို ဒီလိုမျိုးအဆုံးသတ်ပြထားတာက
(ကျွန်တော်တစ်ယောက်တည်း အနေနဲ့ဆိုရင်)
အပေါ်ပိုဒ်တွေကို ဖတ်ခဲ့သမျှအရှိန်ကို ပြန်ကျသွားစေတယ်အကို

ချစ်ခင်လျှက် . . .
ကိုသျှား

commentinfo By: ကိုသျှား at Sep 28, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment