Professional Authors

သူငယ်ချင်းချစ်သူ

သူငယ်ချင်း

လူတိုင်းမှာမျက်လုံးနှစ်လုံးနဲ့ အသည်း နှလုံး တစ်ခုပဲပါတယ်။

ငါ့မှာ ပိုင်ဆိုင်ထားတဲ့ မျက်လုံးနှစ်လုံးက နင့်ပုံရိပ်တွေပဲမြင်ယောင်နေပြီး

တစ်ခုထဲသော နှလုံးသားကလဲ နင့်ကိုပဲ ခုထိချစ်နေခဲ့တာ နင်ယုံပါ့မလား ။

အေးစက်စက်နင့်မျက်ဝန်းတွေနဲ့ ဆုံမိတိုင်း နွေးနေအောင်ခုန်နေတဲ့ နှလုံးသားနဲ့

ငါရဲ့ ဆယ်စုနှစ်တွေ ခုထိအသက်ဝင်နေတုန်း ။

နင့်ကိုမနေ့ကပဲ တွေ့ခဲ့သလို အမြဲလွမ်းဆွတ်နေခဲ့တာလေ ။

ဘယ်သူမှမသိတဲ့ ငါ့ချစ်ခြင်းအတွက် အရှုံး၊ အနိုင်ဆိုတာတွေလဲ ရှိမှာမဟုတ်တော့

တစ်ချိန် နင့်ကို ချစ်နေယင်းနဲ့ပဲ နင်ပျောက်သွားတဲ့ထိ ငါ့နှလုံးသားကို စောင့်ကြည့်ဖို့ပဲကြိုးစားခဲ့တယ် ။

လွယ်တကူ မပျော်ဝင်လွယ်တဲ့ ငါ့မာနတွေ

အေးစက်စက်နဲ့ နွမ်းလျလျ နင့်မျက်နှာလေး ကိုမြင်ယောင်မိတိုင်း

ဘယ်မှာ သွားရှာ မှန်းတောင်မသိခဲ့ဘူး ။

မိသားစုထဲမှာရော အလုပ်ထဲမှာပါ အမြဲတက်ကြွပျော်ရွှင်နေတဲ့

ငါ့ရင်ဘတ်ထဲမှာ နင့်ကိုမေ့လောက်အောင် ချစ်နေတဲ့ ချစ်ခြင်းတွေနဲ့

သိပ်ကို နာကျင်နေရပါတယ်ဆိုတာ နင်ငါ့နားမှာ နေပြီး

ငါလက်တွေကိုသေချာလာတွဲမယ့် အချိန်မှာ ငါပြောပြချင်တယ် ။

အဲဒိ့ခါကျရင် နင့်အကြောင်းအိမ်မက်တွေ မျက်ရည်မကျဘဲ အကြိမ်ပေါင်းမျာစွားငိုခဲ့တဲ့ ငါ့နှလုံးသားတခုအကြောင်း နင့်ကိုတွေ့ပြီးမှ ပိုနွေးလာတဲ့နေရောင်ခြည်တွေ အကြောင်း ၊ ပိုလှလာတဲ့ မိုးစက်တွေ  ၊ ပိုစိမ်းဖန့်လာတဲ့  နှင်းစက်တွေအကြောင်းပေါ့ နင့်ကိုပြောပြမယ်နော် ။

နင့်ကိုချစ်တယ်

In: ကဗျာ Posted By: Date: Mar 11, 2011
Comment #1

အဲလောက်ကြီးချစ်တာတော့ မကောင်းဘူးနဲ့တူတယ်

ဘယ်သူမှမသိတဲ့ ချစ်ခြင်းမှာ အရှုံးအနိုင်မရှိဘူးဆိုတာတော့ ထောက်ခံပါတယ် angle ရယ်

commentinfo By: ထိုက် at Mar 11, 2011
Comment #2

ရှေ.တန်းထွက်ရတဲ.သူတွေမှာတွယ်တာစရာရှိရင်သတိရတတ်ပါတယ်
ရှေ.တန်းဆိုတာအမြဲပူပင်နေရတဲ.နေရာမျိုးမဟုတ်ဘူးအေးဆေးတဲ.နေရာလဲရှိတယ်လေ

commentinfo By: sawmyawadi at Mar 16, 2011
Comment #3

ကိုမင်းေ၇ှ့တန်းထွက်ရင် သူ့အမေရဲ့ အထက်ဆင်စလေးသေးသေးလေး
ဆောင်ထားလို့
ဒါမှမဟုတ် အမေ့ခြေရာလေးဖြစ်ဖြစ် ဆောင်ထားခိုင်းပါလား
အဲဒါ တစ်ကယ့်ကို အန္တရာယ်ကင်းတယ် ကြားဖူးတယ်
တာကောကတော့
စစ်သံကြားရင် အိုးစားဖက်လိုက်မရှာပဲ
နာဖျားဥပါယ်ဆင်နေကျ….:)

commentinfo By: တာကော at Mar 16, 2011
Comment #4

really powerful words …
very nice .. 🙂

commentinfo By: Myat Noe at Jun 12, 2011
Comment #5

အရမ်းကောင်းတဲ.အရေးအသားပဲ ခံစားရတယ် အရမ်းအရမ်းကို

commentinfo By: ပိုးဖလံ at Sep 4, 2011
Comment #6

ကောင်းပါတယ်.. ကဗျာလေးတွေ ရေးပါအုံးလို့ … အားပေးချင်ပါတယ်.. 🙂

commentinfo By: aphyu at Sep 15, 2011
Comment #7

ခုရော မမတို့ဘယ်လိုဖြစ်သွားပြီလဲ

commentinfo By: ရနံ့ at Sep 16, 2011
Comment #8

တနားပါတယ်နော်
virusလဲထပ်တူထပ်မျှဝမ်းနည်းရပါကြောင်း……………………

commentinfo By: virus at Sep 16, 2011
Comment #9

ကောင်းလိုက်တဲ့ အရေးအသား။ လေးစားမိပါတယ်ဗျာ။ တကယ့်ခံစားချက်မို့ ထင်တယ်။ တော်တော် ကောင်းတယ်။

commentinfo By: ChIr0N at Sep 30, 2011
Comment #10

oh…………..
thz so much…..thzzzzzzzzzzz…thzzzzzzzzzzzzzzzzz
all of ur creating are same with my feeling//////
only 1 difference between us is the work he does.

commentinfo By: ei lay at Jan 4, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment