Professional Authors

အရှုံးပေးခြင်း

ဝေးခဲ့ကြပြီ .. ။

နွေးထွေးတဲ့အကြည့်တွေ

ဘယ်အချိန်မှာ ပျောက်ဆုံးခဲ့ပြီလဲ။

နွေခေါင်ခေါင် ကန္တာရထဲမှာ

အိုအေစစ်လေး မဲ့ခဲ့ပြီပေါ့ ..။

သတိရစရာတွေကို တွေးတောနေခိုက်

ဆုံးရှုံးမှုလေးဟာ

ဝိုးတဝါးနဲ့ လက်ကမ်းနေတယ်။

ငိုနေသူ ရင်ဘတ်ထဲက

ပဲ့တင်သံကို နားစွင့်နေတုန်း

ပါးမို့မို့မှာ မြစ်တစ်စင်း

ဖြတ်စီးသွားတယ်။

အလွမ်းတွေကိုသာ မီးရှို့ပစ်လို့ရခဲ့ရင်ပေါ့

အလွမ်းပြာတွေကို

ရင်ခုန်သံအဝတ်ပါးလေးနဲ့စုထည့်ပြီး

ငါ့နှလုံးသားသင်္ချိုင်းမှာ

ထာဝရမြှုပ်နှံလိုက်တော့မယ် ..။

မိုးအိပ်မက်

In: ကဗျာ Posted By: Date: Sep 12, 2012
Comment #1

🙂
🙂

commentinfo By: ei lay at Sep 12, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment