Professional Authors

ချစ်သူသို့တမ်းခြင်း

ချစ်သူ……….
သိပ်သတိရတယ်ဆိုတဲ့
စကားထက် ပိုလေးနက်တာရှိရင်
မင်းကြားအောင် ပြောချင်မိတယ်…………

ငါ့ဘဝက အချစ်ဆိုတာ
လေပြေတစ်ခုလိုပဲလား………

မုန်တိုင်းလာရင် ဝေးကွာသွားတတ်တာ
တို့ရဲ့အချစ်က နက်ရှိုင်းမှု မရှိခဲ့လို့လား…….

တို့ရဲ့ဘဝကို အချစ်ဆိုတဲ့ မြှားဦးရှေ့မှာ တင်ထားချင်တယ်
မင်းက ခုချိန်ဆို ပျော်နေလောက်မှာပါ……

အချစ်ဆိုတာ ပျော်ရွှင်မှုလို့ပဲ
ယူဆတတ်ရင် ကောင်းပါတယ်………

လွမ်းရတဲ့သူကတော့
ပျော်စရာဆိုတာ ဘယ်ရှိမှာလဲ………

ကြေကွဲဖို့ပဲရှိတော့တယ်………။

In: ကဗျာ Posted By: Date: Dec 15, 2010
Comment #1

ကဗျာလေးအရမ်းကောင်းပါတယ်ဗျာ

commentinfo By: moehtetaung18 at Dec 15, 2010
Comment #2

တကယ့် ခံစားချက်ထင်တယ် .. ကောင်းပါတယ်ဗျာ …

Comment #3

ကျေးဇူးပါပဲဗျာ

commentinfo By: christopher at Dec 16, 2010
Comment #4

အချစ်ဆိုတာ လွမ်းဖို့ ၊ကြေကွဲဖို့ လို့ ထင်ရင်တော့ လွမ်းရမယ်။ကြေကွဲရမှာဘဲ၊အချစ်ဆိုတာကိုအချစ်လို့ ဘဲထင်ရင်တော့ တသက်လုံးချစ်နေနိုင်မှာပါ၊သူ့ ကိုဆက်ချစ်နေဖို့ ပြောတာမဟုတ်ဘူးနော်၊အချစ်ဆိုတာကိုကောင်းတဲ့ဘက်ကတွေးပေးလိုက်ရင်အားလုံးအဆင်ပြေသွားမယ်လို့ တော့ ထင်တာဘဲလေ၊အမအမြင်ကိုပြောတာနော်၊မှားနေရင်တော့ တောင်းပန်တယ်၊

commentinfo By: phyuphyu at Dec 16, 2010
Comment #5

ကောင်းတယ် ဗျာ… လွမ်း၇တဲ့သူအတွက်တော့ ပျော်စ၇ာ ဘယ်၇ှိပါ့မလဲ ကြေကွဲစ၇ာတွေပဲ၇ှိတော့တယ်။ဆိုတာက ကောင်းတယ်

commentinfo By: genius.jinx28 at Dec 16, 2010
Comment #6

အရမ်းကြိုက်ပါတယ်

commentinfo By: ကြယ်စင်နတ်သမီး at Jun 3, 2011
Comment #7

ချစ်သူ……….
သိပ်သတိရတယ်ဆိုတဲ့
စကားထက် ပိုလေးနက်တာရှိရင်
မင်းကြားအောင် ပြောချင်မိတယ်…………။

commentinfo By: မိုးစက်ခြွေ at Nov 23, 2011
Comment #8

:'(
:'(
Ta ti ya Like Dar,,,,,
Lwan like Dar,,,,
Be lo nay ya ma le?

commentinfo By: ei lay at Dec 9, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment