လွမ်းရတာ အသက်တောင်ပါတော့မယ်…
ကယောင်ခြောက်ချား အိပ်မက်တွေကြားမှာ
လမ်းစပျောက်နေတုန်း..
ခေါ်သံလေးတစ်စွန်းတစ်စ
နားစွင့်နေရင်းက
မင်းပြန်လာမလား မျှော်လင့်ရင်း
မိုးလင်းခဲ့ရတဲ့နေ့တွေ…
အတွေးနက်နက်တွေထဲမျောပါရင်း
ဆယ်ယူမဲ့ လက်တစ်စုံကိုမျှော်လင့်နေလျက်က
မင်းတစ်ယောက်များ ပြန်လာမလားဆိုပြီး
ခြေသံကြားတိုင်း နားစွင့်ခဲ့ရတဲ့ ညတွေ..
တခါတခါ….
ဖြည်းဖြည်းတိုက်တဲ့ လေညှင်းက
ငါ့အနားမင်း ရောက်လာသလိုနဲ့
လက်တွေ့မှာ ဝေးနေရတာကိုတွေးရင်း
နေ့တွေ ညတွေကြား
အသက်ရှုတွေမှားခဲ့ပြီ………..
တခါတခါ…
သဲ့သဲ့လေးကြားရတဲ့ အသံတွေက
မင်းရဲ့စကားသံလား နားစွင့်ရင်း..
တစ်ယောက်တည်းကြိတ်…
ရူးသွပ်ခဲ့ရတဲ့
အချိန်တွေ လဲများလှပြီ……
နားလည်မှုတွေလွဲပြီး
ဆက်ဆံရေးတွေ ကြဲခဲ့ရတဲ့အချိန်…
တစ်ယောက်တစ်နယ်စီ ဝေးနေကြရတဲ့အချိန်တွေမှာ
ရင်နဲ့တောင် မဆံ့တဲ့ အလွမ်းတွေက
အရမ်းခါးလွန်းတယ်….
ပြန်လာခဲ့တော့ ချစ်သူရယ်…
သိစိတ်တွေ မသိစိတ်တွေအပြင်
အသွေးအသားထဲကနေပါ
မင်းကိုတမ်းတ တတ်နေပြီ…
ယုံကြည်ချက်ပျောက်နေတဲ့
နှလုံးသားတစ်စုံကို လမ်းပြပေးဖို့….
အေးစက်နေတဲ့ ရင်ခွင်အစုံကို
နွေးထွေးပေးဖို့…..
ပြန်လာခဲ့တော့နော်…..
လွမ်းရတာ အသက်တောင်ပါတော့မယ် ချစ်သူရယ်….
Comment #2
ယုံကြည်ချက်ပျောက်နေတဲ့
နှလုံးသားတစ်စုံကို လမ်းပြပေးဖို့….
အေးစက်နေတဲ့ ရင်ခွင်အစုံကို
နွေးထွေးပေးဖို့…..
ပြန်လာခဲ့တော့နော်…..
လွမ်းရတာ အသက်တောင်ပါတော့မယ် ချစ်သူရယ်….
By: May Kha at May 23, 2012
Comment #3
ြဲပန်လာခဲ့တော့ ချစ်သူရယ်…
သိစိတ်တွေ မသိစိတ်တွေအပြင်
အသွေးအသားထဲကနေပါ
မင်းကိုတမ်းတ တတ်နေပြီ…
ယုံကြည်ချက်ပျောက်နေတဲ့
နှလုံးသားတစ်စုံကို လမ်းပြပေးဖို့….
အေးစက်နေတဲ့ ရင်ခွင်အစုံကို
နွေးထွေးပေးဖို့…..
ပြန်လာခဲ့တော့နော်…..
လွမ်းရတာ အသက်တောင်ပါတော့မယ် ချစ်သူရယ်….
By: ဖူးမေ at May 23, 2012
Comment #4
ယုံကြည်ချက်ပျောက်နေတဲ့
နှလုံးသားတစ်စုံကို လမ်းပြပေးဖို့….
အေးစက်နေတဲ့ ရင်ခွင်အစုံကို
နွေးထွေးပေးဖို့…..
ပြန်လာခဲ့တော့နော်…..
အားပေးသွားပါတယ် ကူးလဲကူးသွားပါတယ် …….
By: arkar at May 23, 2012
Comment #5
hote de naw,,
a yan lwan de,
By: ei lay at May 23, 2012
Comment #7
Good ko ye naung
By: natkat at Mar 4, 2015




Comment #1
ကယောင်ခြောက်ချား အိပ်မက်တွေကြားမှာ
လမ်းစပျောက်နေတုန်း..
ခေါ်သံလေးတစ်စွန်းတစ်စ
နားစွင့်နေရင်းက
မင်းပြန်လာမလား မျှော်လင့်ရင်း
မိုးလင်းခဲ့ရတဲ့နေ့တွေ…