Professional Authors

အိမ်မက်တုတွေ မပေးပါနဲ့

အတွေးတွေ မမှားချင်လို့
ငါမစဉ်းစားခဲ့တာပါ
အိမ်မက်တွေ မှားမှာဆိုးလို့
ညတွေ မအိပ်ဘဲ
မိုးလင်းခဲ့တာပါ။
တစ်ယောက်ထဲ
နေသားကျနေတဲ့
ရေပြင်ကို
ခဲတော့ မပစ်နဲ့ကွာ။
လှိုင်းကျပ်ခွပ်လောက်နဲ့
ငါ့ဘ၀ကို လှုပ်ခတ်အောင်
မပြုစားချင်ပါနဲ့။
မနက်မိုးလင်း
သောက်ရတဲ့ ကော်ဖီတစ်ခွက်
အေးစက်ပေမယ့်
ငါ့အတွက် ဒါက ဘ၀ရဲ့ အရသာပါ။
ပြည့်စုံတဲ့ နေ့လည်စာနဲ့
သောကအပူတွေကို
အေးစက်တဲ့ ကော်ဖီနဲ့
လဲလှယ်ခွင့်ပြုပါ။

In: ကဗျာ Posted By: Date: Sep 11, 2012
Comment #1

😛
ang met tu tway ma pay par ne,

commentinfo By: ei lay at Sep 11, 2012
Comment #2

🙂

commentinfo By: raingirl at Sep 16, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment