Professional Authors

အထီးကျန်ကမ္ဘာ

တစ်ယောက်တည်း
တိုင်တည်းရင်းနဲ့ ငိုမိတယ် .. ။
တောင်းခဲ့ရတဲ့ ဆုတွေနဲ့အတူ

ကျခဲ့ရတဲ့ မျက်ရည်ရယ် 

နောက်ဆုံးတော့
မင်းပဲငါ့ဘဝရဲ့အဖော်ဖြစ်နေတာပေါ့။

တစ်ပွင့်တည်း
အထီးကျန်ရင်းနဲ့ငေးနေတယ် .. ။
သူလည်းငါ့လိုဆုတွေတောင်းနေတယ် .. ။
နောက်ဆုံးတော့
ကြယ်လေးဟာလည်း အထီးကျန်နေတာပဲ .. ။

ငါငိုရင် ကြယ်ကလေးက ချော့တယ် .. ။
သူကပြောတယ် ..
သူဘယ်တော့မှမငိုဘူးတဲ့ .. ။
ငါပြန်ပြောမိတယ် ..
ငါကတော့ မျက်ရည်တွေနဲ့ 
အမြဲအတူရှိနေတာပါလို့ ..။

အလွမ်းသီချင်းလေးတွေ ညည်းရင်း
ကောင်းကင်ကြီးကိုမော့ကြည့်မိတယ် .. ။
ကြယ်လေးက မဆိုပါနဲ့ .. သူမငိုချင်ဘူးတဲ့ .. ။
ငါငိုနေတယ် .. ။

ကြယ်လေးရယ် .. နောက်ဆုံးတော့
နင်ရယ်၊ ငါရယ်
မျက်ရည်ရယ်၊ အလွမ်းတွေရယ်ပဲ
ကျန်ရစ်တော့တယ် .. ။

အားလုံးကိုအလျှော့ပေးလိုက်ပြီ။
ဟာနေတဲ့ ရင်ထဲကကွက်လပ်ကို
ပြန်ဖြည့်ပေးနိုင်မလား .. ။
အရာအားလုံးအတွက်
သူ့အတွက် ပေးဆပ်ခဲ့ရတာကို
ငါကျေနပ်ပါတယ် .. ။

ကြယ်လေး ငိုနေပြီလေ .. ။

မိုးအိပ်မက်

In: ကဗျာ Posted By: Date: Sep 10, 2012
Comment #1

:'(
:'(
:'(

commentinfo By: ei lay at Sep 11, 2012
Comment #2

!-!
!-!
!-!
!-!
!-!
!-!
!-!
!-!
!-!
!-!
!-!
!-!
!-!
!-!
!-!

commentinfo By: ei lay at Mar 19, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment