Professional Authors

အထီးကျန်

တစ်ကိုယ်ရေ တစ်ကာယနေ့ညတွေမှာ
မျိုသိပ်မှုတွေ ခြေရာထပ်
နေပျော်မှုတွေ ကမ်းမကပ်တာကြာပြီ။

လှမ်းချိတ်လို့ မမီတဲ့
လွမ်းစိတ်စီရရီဟာ တွန့်ကြေ
ဖေဖေ မေမေတို့ရေ…
ဒီမှာ ညတာတွေရှည်လွန်းတယ်။

စိတ်ဦးတည့်ရာလွင့်မျောရင်း
အမောမကင်းနိုင်တဲ့ လေပြေလို
ဒါမှမဟုတ်
နေကိုမျှော်ရင်း ပွင့်ဖို့စောင့်နေတဲ့
ပျိုးသူမဲ့ ပန်းတေလေတစ်ပွင့်လို
ငါ…ငြိမ်းချမ်းရေးကိုဆာလောင်
အဖော်မဲ့တဲ့အရောင်က မှောင်လွန်းတယ်။

ဖြစ်နိုင်ရင်လေ…
တိမ်လို
လေလို
ရွက်ဝါလို
ဘ၀ကို လျှောတိုက် လွှတ်တင်
ဘယ်သူမှမရှိတဲ့ ကောင်းကင်မှာ
ဘယ်သူမှမသိအောင်နေလိုက်ချင်တယ်…။

In: ကဗျာ Posted By: Date: Dec 30, 2012
Comment #1

don’t feel lonely.

commentinfo By: ei lay at Dec 30, 2012
Comment #2

အိလေးပြောတာဟုတ်တယ်
အရမ်းအထီးကျန်မဆန်ပါနှင့်
ကဗျာတွေကို ရင်ဖွင့်ပါ
စာများများဖတ်ရင် ပျောက်သွားပါလိမ့်မယ်နော်

commentinfo By: မေပျို at Dec 30, 2012
Comment #3

ဒီမုဆိုး တော်တော်ရက်စက်တယ်ဗျာ..အထီးပဲ ကျန်ခဲ့တယ်ဆိုတော့..အမသေသွားတာပေါ့နော်..

commentinfo By: kyawnainglin174 at Jan 1, 2013
Comment #4

Rofl,,,
🙂
Loak cha like pyan p.

commentinfo By: ei lay at Jan 1, 2013
Comment #5

.>ei lay and မေပျို> အခုလို အားပေးတာ ကျေးဇူးပါဗျာ။

commentinfo By: Mg Khai Myat at Jan 2, 2013
Comment #6

:'(

commentinfo By: Yoon Thae Phyu at Jan 2, 2013
Comment #7

ဘယ်သူမှမရှိတဲ့ ကောင်းကင်မှာ
ဘယ်သူမှမသိအောင်နေလိုက်ချင်တယ်…။

(တခါတလေ အဲလိုဖြစ်တယ်.) အားလုံးနဲ့ဝေးရာကို ထွက်သွားချင်တယ်.. ကောင်းကင်ဆိုတော့ ပိုကောင်းတာပေါ့… အပေါ်စီးကနေ အားလုံးကို မြင်နိုင်တယ်.လေ..

commentinfo By: Moh at May 27, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment