Professional Authors

အထီးကျန်ဝိညဉ်တစ်ခုရဲ့ မှောင်မိုက်ခြင်း

ကြယ်ရောင်ပျောက်တဲ့ မိုးကောင်းကင်ထက်..
ယူဆောင်လာသူ လွမ်းမောခြင်း တို့ ထာဝရ အမောတွေ
ပြေပျောက်ဖို့ အတွက်လေ….
နံရံတွေ ခြားနေပါစေ..ငါလေ..အရောက်လာချင်တယ်…
တိုးတိုး ဆိုငြီးနေတဲ့ တေးသွားလေး လွင့်ပျယ်ခဲ့…
အမှောင်ဖုန်းတဲ့ ဒီညထဲ..မင်းမရှိတော့ ငါတစ်ယောက်တည်း..
ဆွေးမြေ့တဲ့ အိမ်မက်ထဲ..မင်းမသိလဲ တမ်းတဆဲ…
ရင်ခုန်သံ တစ်ချို့ တစ်ဝက် မင်း အတွက် ငါ့ မျှော်လင့်ချက်…..
နာကျင်စွာဟစ်ခေါ်လည်း ပဲ့ တင်ထပ်သံတွေပဲ…
ဒီအလွမ်းတွေ…ငါ့အတွက်…အဆိပ်တစ်ခွက်လိုပဲ…..
တရှိုက်မက်မက် ငါ သောက်သုံးမိတော့…လဲပြို ခြင်းတွေ အခါခါပေါ့….
မှိတ်မရတဲ့ ငါ့ မျက်ဝန်းတွေ…..ရှိုက်သံတွေကြောင့်
အနီရောင်သန်း…မင်းမရှိတဲ့ ဒီအလွမ်းခန်းမှာ
ငါ တစ်ယောက်တည်းလွမ်းပေါ့…..
မှောင်မိုက်လေလေ ညဉ်ံ့နက်လေလေ…ငါ့အလွမ်းတွေလဲ..
ပြင်းထန်ထန်လေလေပဲ…
လေပြေတွေပြေးလွှားနေပြီ….လေပြေတွေနဲ့ အတူ မင်းရှိရာ..
စီးမျောခွင့်ရလိုက်ချင်တယ်…အဖော်မဲ့ ဒီညများထဲ
ငါ့တစ်ယောက်တည်း မလွမ်းချင်တော့ဘူး
လေပြေတွေနဲ့ အတူ ထာဝရ အလွမ်းများ
ဝေးကွာစေသား…..

(ဒဏ်ရာ)

In: ကဗျာ,ဂျူး Posted By: Date: Nov 23, 2010
Comment #1

ဒီအလွမ်းတွေ…ငါ့အတွက်…အဆိပ်တစ်ခွက်လိုပဲ…..
တရှိုက်မက်မက် ငါ သောက်သုံးမိတော့…လဲပြို ခြင်းတွေ အခါခါပေါ့….
မှိတ်မရတဲ့ ငါ့ မျက်ဝန်းတွေ…..ရှိုက်သံတွေကြောင့်
အနီရောင်သန်း…မင်းမရှိတဲ့ ဒီအလွမ်းခန်းမှာ
ငါ တစ်ယောက်တည်းလွမ်းပေါ့…..
မှောင်မိုက်လေလေ ညဉ်ံ့နက်လေလေ…ငါ့အလွမ်းတွေလဲ..
ပြင်းထန်ထန်လေလေပဲ…
လေပြေတွေပြေးလွှားနေပြီ….လေပြေတွေနဲ့ အတူ မင်းရှိရာ..
စီးမျောခွင့်ရလိုက်ချင်တယ်…အဖော်မဲ့ ဒီညများထဲ
ငါ့တစ်ယောက်တည်း မလွမ်းချင်တော့ဘူး
လေပြေတွေနဲ့ အတူ ထာဝရ အလွမ်းများ
ဝေးကွာစေသား….

commentinfo By: May Kha at Aug 3, 2011
Comment #2

lone wa kwat ti be
million ths
billion thz
trillion thx

commentinfo By: ei lay at Mar 19, 2013
Comment #3

brown eye changed red eye.
!-!
!-!
!-!

commentinfo By: ei lay at Mar 19, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment