Professional Authors

အရေပြားအောက်

သိပ်လှတယ်ဆိုပြီး

မင်းဆန္ဒတွေ သဘောထားတွေဖြည့်ဆည်းကြလိမ့်မယ်

စေတနာအကြင်နာ ဆိုတာတွေနဲ့

ပေါပေါများများ ခယကြလိမ့်မယ်

သတိတော့ထားပေါ့ကွယ်

သူများဟာဆိုတိုင်း

အားမနာတတ်သူတွေကအများကြီး

နောက်ဆုံးမှ သူတို့လောက်

မင်း အရေမထူတာသိလိမ့်မယ်။

ငါတို့ကသူရဲဘောကြောင်တယ်

သူများသေတွင်းမတူးရဲလို့

ကိုယ့်သေတွင်းကိုယ်တူးပြီးပျော်သူတွေ

ငါတို့နဲ့တော့လာမနှိုင်းနဲ့။

ဒါပေမယ့် လူရိုးလူကောင်းတွေကအများကြီး

မှန်မယ်ထင်တိုင်း ဇွတ်နှစ်ပြီးမှ

မှားပြီးရင်းမှားတာတွေလည်းအများကြီး

အနေအထိုင်မတတ်လို့

ကြွေပြီးတောင်မှ ခြေနင်းခံရတဲ့ ခရေတွေလဲအများကြီး

ရိုးသားမှုတစ်ခုထဲကြောင့်

ခူးဆွတ်ခွင့်မရှိတော့သူတွေလည်းအများကြီး။

အချိန်ဆိုတာသဘောထားတတ်တိုင်း

ရှိသေးတယ် … မှီသေးတယ်

ရိုးသားမှုဟာ နေရာတစ်ခုမှာ တည်ငြိမ်ပြီးရှိနေတာ

ခံယူချက်တွေငြိမ်သက်ပြီဆိုမှ

ရာသီဥတုကောင်းဆီသွားကြတာပေါ့။

ဂျိုရာကင်းတဲ့ခတ်ကျွဲလဲမမြင်ဘူးသေးဘူး။

စင်းလုံးချောဆိုတဲ့စကားလဲ

စာရွက်ထဲကထွက်မလာသေးဘူး။

လေတိုက်ခံနိုင်ပြီး အိမ်မပြန်ချင်သေးရင်

ငါတို့နဲ့အတူလိုက်ခဲ့

ဒါမှမဟုတ်လဲ

အိမ်ပြန်ပြီး

ငါ့မှာပါးစပ်ပါမလာအောင်သွားဆုတောင်း။

In: ကဗျာ Posted By: Date: Sep 1, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment