Professional Authors

မေးကြည့်လိုက်ပါ..

နင့်ငါအတွက်ပေးခဲ့တဲ့
ခါးသီးတဲ့ အလွမ်းတစ်ခုကို
ကျေကျေနပ်နပ်ကြီးခံယူပြီးမှ
နင့်အကြောင်းတွေးမိနေတဲ့ ငါစိတ်ကို
မထိန်းနိုင်ဖြစ်နေရတယ်….သက်ထားရယ်…

ခံနိုင်ရည်မရှိဘဲ
ချစ်တတ်ရုံလေးနဲ့
ချစ်ဇာတ်ကို ဒါရိုက်တာလို
ဇာတ်ကွက်ချခဲ့ပြီးမှ
မင်းသမီးမရှိတော့
အသဲကွဲခဲ့ရပြီ…

မလိုချင်လည်း ထားခဲ့လိုက်ပါ
ငါ့မှာတော့ အလံမရှိတဲ့ မီးရထားလို
ဘယ်ဘူတာ စိုက်ရမလဲ
အချိန်ပြည့်ခုတ်မောင်းနေရဆဲပါ..

နင်လိမ်နေတာ
ငါသိနေပေမဲ့လည်း
အနွန်နာခံပြီး ချစ်နေပေးနေတာ
နင်တစ်ချက်လောက် သိခဲ့ရင်
သိပ်ကောင်းမှာပဲလို့
ငါကြိတ်ကာတွေး
အရင်က အထိတ်တွေကိုပြန်ဆွရင်း
လက်ဆပ်နေတဲ့ မင်းအငွေ့အသက်တွေ
ငါရင်မှာ တမ်းတနေဆဲပါ..

ဘာလိုသေးလို့လဲ
ဒီလောက်ပြည်စုံလှတဲ့ အချစ်တစ်ခုကို
တည်ဆောက်ဖို့
မင်းနဲ့ငါ တစ်ယောက်လက်တစ်ယောက်တွဲပြီး
ရင်ဆိုင်ဖို့သတ္တိမရှိခဲ့တာလား
သတ္တိကြောင်ခဲ့လားဆိုတာ
မင်းကိုယ်မင်းမေးလိုက်စမ်းပါ..သက်ထားရယ်…

ဟိုရောက်လိုက် ဒီရောက်လိုက်နဲ့ ကဗျာတစ်ပုဒ်သီးကုံးရင်း
                                                                    စိုး…

In: ကဗျာ Posted By: Date: Aug 30, 2012
Comment #1

အားပေးနေတယ် စိုး …

commentinfo By: htatmyataung at Aug 31, 2012
Comment #2

😛
thu myar ko a yin ma mae ya bu lay
koh kou ko a yin mae ya de.
kou ko tine ka tay char ye lar so tar
😛

commentinfo By: ei lay at Aug 31, 2012
Comment #3

Thanks to htatmyataung and Ma ei..

commentinfo By: soeoo at Feb 26, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment