Professional Authors

အ ချ စ်

တိမ် လို့  ပြောပြီး ရင်ခွင်ထဲကို တိုးလာတယ်ပြီးတော့ ဓားတလက်လို အသွေးထက်ထက်နဲ့ ရင်ကိုခွဲ သူမဟုတ်သလိုလည်း ပြုံးပြတတ်သေးတယ်

မငိုဘူးလို့  ခဏခဏ ပြောခိုင်းပြီး မျက်ရည်ကိုခိုးခိုးသုတ် နေရတယ် ဒီလိုနဲ့ သူဟာ သူ မဟုတ်တော့သလိုပဲ…
… အဟုတ်ကြီးထင်အောင် လှည့်စားရင်း လက်ခုပ်ကိုလည်း တီးနေတတ်တယ် (နည်းသေးသတဲ့)

အငွေ့သက်သက်ပါတဲ့ ..
အပျော်တွေပါတယ် .. ခွင့်လွှတ်ခြင်းတွေပါတယ် ပေးဆပ်ခြင်းတွေပါတယ် ရယူခြင်းတွေပါတယ် ..ပိုင်ဆိုင်ခြင်းတွေပါတယ် ..ချဉ်ငန်စပ်အစုံပဲလို့ ပြောပြီး …လက်သည်းကိုတိတ်တိတ်လေးဖွက်ထား
ငမ်းငမ်းတက်စားသုံးမိတဲ့  …… အမှားတွေပါလို့တောင်းပန်ခိုင်းရင်း ဘ၀ကိုပြာချပြစ်တယ် …(တာ့တာတဲ့)

ခဏခဏ သတ်တယ် …မသေဘူး…ခဏခဏရှင်တယ် အသေတကောင်လိုပဲ

အမုန်း…အဲဒီမှာအမုန်း အခါးသီးဆုံးပါဆိုပြီး အနားလာကပ်ထိုင်တယ် … လှည့်ပြန်ရခက် ရှေ့တိုးရခက်နဲ့ တွေဝေမှုတွေရဲ့ အဆုံးသတ်မှာ .. အလင်းရောင်လေး မှေးမှိန်သွားတယ် ..သွားပါတော့ … လမင်းလေးလို့ မပြောပါနဲ့တော့ (ကြောက်တယ်)

နင့်အတွက် တော့ ..ငါ့အတွက်တော့ .ဘ၀အတွက်တော့ ..ခင်ဗျားအတွက်တော့ … တော့..ေ.တာ့ ..အဲလိုတွေပြောပြီးနည်းမျိုးစုံနဲ့ပြုစား ကျေးဇူးပဲတင်ရမလိုလို..လက်ညှိုးထိုးပဲအပြစ်တင်ရမလိုလို …ဟိုလိုလို ဒီလိုလိုနဲ့ လမ်းတွေဖျက် ဗိုင်းကောင်းကျောက်ဖိ လေးတွေတောင်.. ၀ိုင်တွေ သောက် ၀ီစကီတွေသောက်..မှောက်လဲရင်း …..ဒူးထောက်ရသေးတယ်

နွံတွေထဲ နစ် တနင်္လာနေ့ အင်္ဂါနေ့ ဗုဒ္ဓဟူးနေ့…..နေ့..၇ နေ့ စုံအောင် ပြဿဒါးဆန်ပြ ပြက္ခဒိန်တွေလည်း ညစ်ထေးလို့
တချို့လည်း …. လန့်လန့်ဖြန့်ဖြန့်နဲ့ အခန်းထဲ ကြိတ် ငို … တချို့လည်း… ပြန်လာမယ့်နေ့ကိုလက်ချိုးရေလို့ နောက်အသစ်နဲ့ပြတ်ပါစေဆုတောင်း……
တချို့လည်း မာနတွေချီ..ဘ၀တွေပြိုင်လို့ နောက်ကွယ်မှာ လက်မှိုင်ချ …
တချို့လည်း ကဗျာရေးစာတွေရေး …တဖြည်းဖြည်းနဲ့ လူညွှန့်တုံးခံကြ……
တချို့လည်း အချိန်မတော်ကြီးငုတ်တုတ်ထိုင်လို့ .ဟိုငေးဒီငေးဂစ်တာလေးတီးရင်း ကြေကွဲ…..
တချို့…လည်း….တချို့လည်း အသည်းမာတယ်အော်..ပြီးတော့ နောက်အသစ်တွဲ…အသည်းတိုးတိုးလေးကွဲ
……………………………. မျိုးစုံအောင် ကြိုးခုန်စေရင်း ….အနာဂတ်တွေကိုသတ်တယ်


ခင်ဗျားမသိပါဘူး ..ကျွန်တော်မသိပါဘူး ..ငြင်းရင်း ဒါဘာကြီးလည်း ဒါဘာကြီးလည်းနဲ့ အဖြေတွေရှာ…နောက်ဆုံးတော့လည်းနောက်ဆုံးပါပဲ….. လက်ဖ၀ါးတွေအေးစက် ..စစ်ဘေးတွေထက် ရေကြီးနေမှုထက် ဘ၀တွေထက် အရေးကြီးနေတတ်တဲ့ ..

သူ့နောက်ကိုပဲ ..တကောက်ကောက်လိုက်ရင်း………………………………..

…………………………………………………………….(သူကတော့ ..ပုံမှန်အတိုင်း သူမဟုတ်သလိုပါပဲ …မသိချင်ယောင်ဆောင်လို့ )


သက်ရှိတိုင်းကို ရူးရူးမူးမူး ဖြစ်စေတယ်

In: ကဗျာ Posted By: Date: Aug 27, 2012
Comment #1

oh,,oh,, 😛
really really excellent.
a yann daw de,,ma moe par,

commentinfo By: ei lay at Aug 27, 2012
Comment #2

i wanna destroy love
love is danger
love is destroy our life and …
everybody die for love
but we love~~

commentinfo By: loafer at Aug 27, 2012
Comment #3

love is love.
😛

commentinfo By: ei lay at Aug 27, 2012
Comment #4

nice & meaningful …..

LOVE is LOVE …. 😛

commentinfo By: Gipp Tuu at Aug 28, 2012
Comment #5

ကောင်းလွန်းတယ်ဗျာ….အချစ်ကိုဖွင့်ဆိုသွားပုံလေး…
လေးစားအားကျအတူယူလျက်….
ဒီနေ့မှစ…အနာဂတ်နေ့ရက်တိုင်းမှာပျော်ရွှင်ပါစေ….

commentinfo By: cupid25288 at Sep 2, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment