Professional Authors

ခါးသော………”အချစ်”

ကျွန်တော့်ကောင်းကင်ထက်က
“မာနကြယ်ကြွေ”
သူမဖိနပ်အောက်က”သဲတစ်ပွင့်”အဖြစ်
ပြန်ဝင်စားတယ်………………..
အလွယ်တကူကျင့်သုံးနေကျ
မုသာဝါဒတွေအားလုံး
(သူမရှေ့မှာဆို)
ကျွန်တော်ဖုတ်ဖတ်ခါချန်ထားခဲ့ပြီးသား………..
ပန်းတစ်ပွင့်မျက်စောင်းအောက်
စိတ်ပါလက်ပါလည်စင်းခံ
“အချစ်”၀င်လာကတည်းက

“နောင်တ” တစ်သိုက်

အဝေးဆုံးပြေးထွက်သွားခဲ့တာ

အရှုံးတပွေ့တစ်ပိုက်နဲ့

ပျော်တတ်လာတဲ့အထိပဲ……………

အချစ်ဆိုတာ
(အခန့်မသင့်ရင်)
ကော်ဖီတစ်ခွက်ထက်ပိုခါးတယ်………………………….။             ။

In: ကဗျာ Posted By: Date: Apr 18, 2013
Comment #1

ွှ့အမှန်ပဲ

commentinfo By: မေပျို at Apr 20, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment