တမ်းတခြင်း
ပုံပြင်တစ်ပုဒ်သာသာ ဇာတ်လမ်းတစ်ခုပါပဲ
ဘာသာပြန်မလိုတဲ့ အုပ်ထိန်းမှုအောက်မှာ
ငါ လမ်းပျောက်နေခဲ့တယ်
မျှော်လင့်ခြင်းတိမ်တိုက်တွေ
အရည်ပျော်သွားခဲ့ပြီ
နှုတ်ဆက်ခြင်းလက်ဆောင်က
ကဗျာမဆန်ခဲ့ဘူး
လက်ပြမနှုတ်ဆက်ပဲ သူမ
ကျောခိုင်းသွားခဲ့တယ် ငါ့ရဲ့
ရင်ဘတ်တစ်ခုလုံးကို အလွမ်းသင်္ကေတတွေနဲ့
အလဲအထပ်လုပ်သွားသူ အခုဆို
ငါ့ဘ၀ရဲ့ ညနေခင်းတိုင်းက
အရောင်မရှိတော့ဘူး
ပျောက်ကွယ်စပြုနေတဲ့ နေမင်းကို
ကြည့်နေရင်းနဲ့ပဲ အမှောင်ထုထဲမှာ
ငါ့စိတ်တို့က မွန်းကြပ်နေခဲ့တယ်
တစ်ညပြီး တစ်ည
အဆိပ်သင့်အိမ်မက်တွေကို
ဆက်မက်ရင်းနဲ့ အသက်ရှုကျပ်လာတဲ့
နှလုံးသားကိုပဲ မင်းဖိအားတွေပေးခဲ့တယ်
ဖြစ်နိင်ရင်လေ
ဒီမနက်ခင်းတိုင်းကို ကျော်ဖြတ်ဖို့အတွက်
အားအင်လေးတစ်ခု ဒါမှမဟုတ်
မျှော်လင့်ခြင်းတစ်ခုလောက် စွန့်ကြဲပြီး
ထားရစ်ခဲ့တဲ့လူတစ်ယောက်ရဲ့
တမ်းတခြင်းတွေကို ဟားတိုက်ရယ်လိုက်ပါ….ငါကျေနပ်တယ် ..
Comment #3
မျှော်လင့်ခြင်း တစ်ခုလောက် စွန့်ကြဲပြီး
ထားရစ်ခဲ့တဲ့လူတစ်ယောက်ရဲ့
……………. ………. ……… …………
……… …… …… …… ……. ………..
……………………………………………
……………………………………………
တမ်းတခြင်းတွေကိုဟားတိုက်ရယ်လိုက်ပါ
…. ….. …………………………ငါကျေနပ်။ ။
By: htatmyataung at Aug 21, 2012
Comment #4
THZ par fri toe… a ku lo pyaw pay tar t yan kyay zuu tin par tl….. \
By: dozet at Sep 18, 2012




Comment #1
nice writing
ei htin tar ka dot lay,,,,
harr tike p nay naing me ma htin bu.
wit le nay lout p shint.
ta nar sa yar kaung nay hmar pe naw