Professional Authors

ည(၂၁)

ဝေဒနာလား
အတိတ်လား
အရိပ်ထက်ဆိုးတယ်

အခုညတော့ အိပ်လို့ မရပြန်ဘူး

မိုးပေါက်သံတွေကလဲ
နဂိုလို မဟုတ် တိတ်ဆိတ်လို့

တကယ်ပါ
လေသံ ရေသံ မကြားပဲ
ပုံမှန် မဟုတ်တဲ့ ညပေါ့

အလွမ်းတစ်ကုံး သီနိုင်ဖို့
ကာရံတစ်စုံ
စာတစ်စုံတော့
နဘေးနာ ချထားဖြစ်ရဲ့
သံယောဇဉ်တွေ ပြန့်ကျဲနေတာတော့
ကောက်ယူလို့ မရနိုင်ခဲ့ဘူး

သက်ပြင်းတွေသာ
အကြိမ်ကြိမ်
မှုတ်ထုတ်မိခဲ့တယ်
ဆေးပေါလိပ်ငွေ့တွေက
အတွေးနဲ့ အတူ ၀ါးမြိုလို့

သတိတရတွေလဲ လှမ်းကြိုလို့ပေါ့

အော် အခုညလဲ
ညည့်နက်နက်ထဲ
အပျော်တော် ဆက်ရအုံးမှာပါလား

In: ကဗျာ Posted By: Date: Aug 19, 2012
Comment #1

🙂

commentinfo By: ei lay at Aug 21, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment