ပန်းအိပ်မက် ကဗျာ

ပန်းအိပ်မက် ကဗျာ
စိတ်ရဲ့ နောက်ကွယ်မှာ
ပုံရိပ်လှလှလေးတွေ ရေးဆွဲနေပါရဲ့
ငါ ထင်ထားတဲ့ ပန်းတစ်ပွင့်ဟာ
ရေမှာ မျောနေဆဲ့ပေါ့…။
လွင့်မျောနေတဲ့ အတွေးရဲ့
လေဟာနယ်ထဲ ရနံ့တစ်ခု
 တိုးဝှေးလို့လာတယ်
ဘယ်ကလဲ ရှာကြည့်မိတယ်
တွေ့ပြီ ဟိုမှာ…..။
လှလိုက်တာ…..
အမှတ်မထင် ကိုင်လိုက်မိတယ်
စူးနစ်သွားတယ်…
သွေးစတွေ ဘယ်ကထွက်လာမှန်း မသိဘူး
ခြစ်မိသွားပြီ….။
မမျှော်လင့်ခဲ့ဘူး….
အနာတရ ဖြစ်ခဲ့တယ်…
ဒါပေမဲ့…
သောက်သုံးမိတဲ့ ရေစက်တွေက
ချိုမြိန်နေတုန်း.. နက်ရှိုင်းတုန်းပေါ့..။
အပွင့်တွေ ကာရံများတယ်
ရွက်လွှာကြားမှာ ဆူးတွေနဲ့
အဆိပ်တွေ ဖြန်းထားပါရဲ့
ဝတ်ဆံအပြည့် လှနေတဲ့
ပန်းတစ်ပွင့်ကိုမှ နမ်းရှိုက်ခဲ့တယ်..။
တသက်လုံး စိုက်ပျိုးထားခဲ့တယ်
အဖူး အငုံ ရနံ့စုံလို့ ပွင့်လာတဲ့ ပန်းကိုမှ
လေပြေ လေညှင်းလေးတွေက
နမ်းရှိုက်သွားခဲ့ပြီပေါ့…။
အတွေးအခေါ်ရဲ့ အိပ်မက်ထဲ
ရပိုင်ခွင့် မျှော်လင့်ချက် မရှိပဲနဲ့
အရိုး အရွက် အဖူး အပွင့်တွေကြား
ပန်းသတင်း လေညှင်းတွေက
တိုးဝှေးသယ်ဆောင်ရင်း
ရနံ့သင်းသင်းနဲ့ ထိတွေ့မိခဲ့ပြီပေါ့…။
စိုက်ပျိုးခဲ့ပေမဲ့ ခူးခွင့်မရခဲ့ဘူး
ပိုင်ရှင်ဖြစ်ပါရဲ့ ပိုင်ဆိုင်မှု မရှိခဲ့ဘူး
အနေ အဝေး ဂရုစိုက်ခဲ့ပေမဲ့
တုန့်ပြန်မှု မရရှိခဲ့ဘူး
နှုတ်ဆက်ချိန်ရောက်ပြီ
ကွေကွင်းခြင်းဆိုတာ
အဆုံးစမဲ့ နမ်းရှိုက်ရတဲ့
ထာဝရ ရနံ့တစ်ခုပဲပေါ့…။
တက္ကသိုလ်မြတ်မင်း
Comment #2
အတွေးအခေါ်ရဲ့ အိပ်မက်ထဲ
ရပိုင်ခွင့် မျှော်လင့်ချက် မရှိပဲနဲ့
အရိုး အရွက် အဖူး အပွင့်တွေကြား
ပန်းသတင်း လေညှင်းတွေက
တိုးဝှေးသယ်ဆောင်ရင်း
ရနံ့သင်းသင်းနဲ့ ထိတွေ့မိခဲ့ပြီပေါ့…။
 By: May Kha at Aug 11, 2012
                        By: May Kha at Aug 11, 2012
                    
 Home
Home Post Masterpiece
Post Masterpiece Register
Register Login
Login



 
 
Comment #1
:'(
:'(
:'(
:'(
:'(